• Follow Us on

Home ရေစကြိုမြို့နယ်၌ PDF အဖွဲ့များ၏ သောင်းကျန်းမှုဒဏ်ကို မခံနိုင်၍ ဒေသခံများက ပြည်သူ့စစ်ဖွဲ့ပေးရန် န-စ-ကထံ တောင်းဆို

ရေစကြိုမြို့နယ်၌ PDF အဖွဲ့များ၏ သောင်းကျန်းမှုဒဏ်ကို မခံနိုင်၍ ဒေသခံများက ပြည်သူ့စစ်ဖွဲ့ပေးရန် န-စ-ကထံ တောင်းဆို

Share this post

ရေစကြို၊ မတ် ၅

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ န-မ-ခ နယ်မြေရှိ ရေစကြိုမြို့နယ်၌ PDF အဖွဲ့များ၏ သောင်းကျန်းနေ မှုဒဏ်ကို မခံနိုင်၍ ဒေသခံများက ပြည်သူ့စစ်ဖွဲ့ပေးရန် န-စ-က အစိုးရထံ တောင်းဆိုလျက်ရှိသည်။

 

လက်ရှိအချိန်၌ PDF အဖွဲ့များ၏ ခြိမ်းခြောက်မှုကြောင့် မြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံများ၊ မြို့ပေါ်ရှိ ဆေး ရုံကြီးအပါအဝင် အခြေခံပညာရေးကျောင်းများ ပိတ်ထားရလျက်ရှိနေသည်။

 

“အရင်က ကလေးမီးဖွားရင် နီးစပ်ရာ တိုက်နယ်ဆေးရုံမှာ မွေးလိုရတယ်။ ဆေးရုံကြီးမှာ သွားမွေးလို့ရတယ်။ အခုက PDF တွေက ဝန်ထမ်းတွေကို ခြိမ်းခြောက်နေတော့ ဆေးရုံတွေ ပိတ်ထားရတယ်။ အရပ်လက်သည်နဲ့ မွေးရင် ကလေးလည်း အန္တရာယ်ရှိတယ်။ လူရှိလည်း အသက်အန္တရာယ်ရှိတယ်။ PDF တွေ ရှိတဲ့ရွာက ဘယ်ရွာ မှ မအေးချမ်းဘူး။ သူတို့အတွက် ခွဲတန်းလည်း ပေးနေရတယ်” လို့ ဒေသခံအချို့က ပြောသည်။

 

ရေစကြိုမြို့နယ်၌ PDF အဖွဲ့များသည် အားကောင်းလျက်ရှိပြီး ရေစကြိုမြို့နယ်အပါအဝင် နီးစပ်သည့် မြို့နယ် အတွင်းရှိ ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်း ရဲတပ်ဖွဲ့ပိုင် လက်နက်များကို ယူဆောင်ခြင်းများ ပြုလုပ် လျှက်ရှိသည်။

 

“PDF သောင်းကျန်းမှုကို ကာကွယ်ဖို့ လုံခြံုံရေးအဖွဲ့နဲ့ ဒေသခံ ပြည်သူ့စစ်တွေ ပူးပေါင်းပြီး ရှင်းလင်းရင် PDF တွေ မကြာဘူး။ အခုက ရွာတွေမှာ လူရှိတယ်။ လက်နက်မရှိဘူး။ အဲ့တော့ သူတို့လုပ်သမျှခံနေရတယ်။ န-စ-က အစိုးရကို တင်ပြခြင်းတာ ရေစကြိုမှာက ရပ်ကျေးအုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး ယန္တယားပျက်နေ ပါပြီ။ ပြည်သူ့စစ်ဖွဲ့ပေးပါလို့ပြောချင်တယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ ရေစကြိုမြို့နယ်၌ PDF သတ်ဖြတ်မှုကြောင့် ပြည်သူနှင့် နိုင်ငံဝန်ထမ်း ၃၀ ခန့် သေဆုံးပြီး ဖြစ် ကြောင်း ဒေသခံအချို့က ပြောသည်။

 

#PeopleMedia

 

(unicode)


………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post