• Follow Us on

Home ရေစကြိုမြို့မရဲစခန်း လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံရ

ရေစကြိုမြို့မရဲစခန်း လက်ပစ်ဗုံးနှင့် ပစ်ခတ်ခံရ

Share this post

နေပြည်တော်၊ မတ် ၂၅

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ရဲတပ်ဖွဲ့မှူးရုံးအား ယနေ့ နံနက် ၁၁ နာရီက အကြမ်းဖက်သမားများ က လက်ဗစ်ဗုံးဖြင့် ပစ်ပေါက်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

 

ရေစကြိုရဲတပ်ဖွဲ့မှူးရုံးအား အကြမ်းဖက်သမား(၂)ဦးက ဆိုင်ကယ် (၁) စီးဖြင့် ရဲစခန်း၏ တောင်မှ မြောက်သို့ မောင်းနှင်လာကာ လက်ပစ်ဗုံးပစ်ကာ ထွက်ပြေးသွား‌ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲခြင်းမရှိသေးသည့် လက်ပစ်ဗုံး (၁) လုံးအား တွေ့ရှိရသဖြင့် အများပြည်သူ အန္တရာယ်မရှိအောင် သက်မဲ့ပြုလုပ်ခဲ့ရကြောင်း သိရသည်။

 

အလားတူ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ညောင်ပင်လှကျေးရွာအနီးရှိ ကားလမ်းအား မတ်လ ၂၃ ရက်‌နေ့တွင် အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမှုကြောင့် ကတ္တရာလမ်းအနည်းငယ် ပေါက်ပြဲပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရ သည်။

 

ယင်းကဲ့သို့ ဆောင်ရွက်နေမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအေးချမ်းစွာ သွားလာနိုင်ရေး လိုအပ်သလို လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(unicode)


…………………………………….

 


 


 


 


 


 



Share this post