• Follow Us on

Home ရေစကြိုမြို့ရှိ ဘုရင်ကြီးစားသောက်ဆိုင် ချိပ်ပိတ်ခံရ

ရေစကြိုမြို့ရှိ ဘုရင်ကြီးစားသောက်ဆိုင် ချိပ်ပိတ်ခံရ

Share this post

မကွေး၊ ဇန်နဝါရီ ၁၃ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ အမှတ် ၇ ၊ ငါးရာပြည့်ရပ်ကွက်ရှိ ဘုရင်ကြီးစားသောက်ဆိုင်သည် ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ချိပ်ပိတ်ခံလိုက်ရသည်။

 

“ဆိုင်ပိုင်ရှင်တွေက ရှောင်နေတာကြာပြီ။ မနေ့က ဆိုင်ကို ချိပ်ပိတ်သွားတာ တွေ့ရတယ်။ ဒါက ရေစကြိုမြို့ နယ်မှာ ပထမအကြိမ် ချိပ်ပိတ်ခံရတာ။ NLD အမတ်ဟောင်း နေအိမ်တွေတော့ ချိပ်ပိတ်ခံရတာ မရှိပါဘူး။ သူတို့ရဲ့ ဆွေမျိုးတော်စပ်သူတွေလည်း CDM မလုပ်ပါဘူး” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

ရေစကြိုမြို့နယ်ရှိ မြစ်အရှေ့ကျေးရွာများသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့်ကျေးရွာများဖြစ်သလို ဒေသခံ PDF အဖွဲ့များသည် မြို့နယ်အတွင်းရှိ ရဲစခန်း၊ ရဲကင်းများကို တိုက်ခိုက်မှုများလည်း ပြုလုပ်နိုင်ခဲ့သည်။

 

ရေစကြိုမြို့နယ်၌ လျှပ်စစ်ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်မတော်ထောက်ခံသူများ၊ နိုင်ငံ ရေးပါတီဝင်များ သတ်ဖြတ်ခံခဲ့ရသလို ကျူးလွန်သူများကိုလည်း ယနေ့အချိန်ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေး ကြောင်း ဒေသခံများက ပြောဆိုသည်။

 

ရေစကြိုမြို့သည် ခမရ ၂၅၆၊ ၂၅၇၊ ၂၅၈ အခြေစိုက်ရာ မြို့နယ်တစ်ခုဖြစ်သလို မြို့နယ်၏ တည်နေရာသည် တပ်မတော်အခြေစိုက်ရာ ပခုက္ကူမြို့၊ န-မ-ခ စစ်တိုင်း အခြေစိုက်ရာ မုံရွာမြို့၏ အနီး၌ တည်ရှိရာမြို့ဖြစ်သည်။

 

Photo – Credit

 

#PeopleMedia #ရေစကြိုမြို့

 

(unicode)


…………………………………………………..

 


 


 


 


 


 


 

Photo – Credit

 



Share this post