• Follow Us on

Home ရေစကြိုမြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တာဝန်မှ နုတ်ထွက်

ရေစကြိုမြို့ပေါ်ရှိ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တာဝန်မှ နုတ်ထွက်

Share this post

မကွေး၊ အောက်တိုဘာ ၆ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် တာဝန်မှ အသီးသီး နုတ်ထွက်သွားကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောပါတယ်။

 

ရေစကြိုမြို့သည် မြို့ပေါ်၌ ၈ ရပ်ကွက်ရှိပြီး ကျေးရွှာအုပ်စု ၈၉ အုပ်စုရှိကြောင်း ဒေသခံအချို့က ပြောပါတယ်။

 

“မြို့ပေါ်မှာ အကုန်လုံး နုတ်ထွက်ကုန်ပါပြီ။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ၈၉ အုပ်စုရှိတယ်။ အကုန်နီးနီး နုတ်ထွက်ကုန်ပါပြီ” လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

လက်ရှိအချိန်၌ ရေစကြိုမြို့နယ်ရှိ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် နေအိမ်၌ နေထိုင်ခြင်းမရှိဘဲ အသီးသီး ပြောင်းရွှေ့နေထိုင်လျက်ရှိနေပါတယ်။

 

ရေစကြိုမြို့နယ်၏ မြစ်အရှေ့ခြမ်းကျေးရွာများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

 

အလားတူ ရေစကြိုမြို့သည် ခ-လ-ရ ၂၅၆/၂၅၇/၂၅၈ အခြေစိုက်ရာ မြိုနယ်တစ်ခုဖြစ်ပါတယ်။

 

#PeopleMedia #ရေစကြိုမြို့

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 



Share this post