• Follow Us on

Home ရေစကြိုမြို့၊ မအူအလယ်ရွာ၌ ဒေသခံ PDF အဖွဲ့၏ လက်နက်များ သိမ်းဆည်းခံခဲ့ရ

ရေစကြိုမြို့၊ မအူအလယ်ရွာ၌ ဒေသခံ PDF အဖွဲ့၏ လက်နက်များ သိမ်းဆည်းခံခဲ့ရ

Share this post

မကွေး၊ စက်တင်ဘာ ၁၁ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ မအူအလယ်ရွာရှိ PDF အဖွဲ့၏ လက်နက်များနှင့် ရိက္ခာအချို့သည် ယနေ့နံနက်ပိုင်းက သိမ်းဆည်းခံခဲ့ရကြောင်း ရေစကြိုမြို့နယ် ဒေသခံအချို့၏ ဆက်သွယ်ပြောဆိုချက်အရ သိရပါတယ်။

 

ယနေ့ နံနက်ပိုင်းက လုံခြုံရေးပူးပေါင်းအဖွဲ့သည် မအူအလယ်ရွာသို့ ရောက်ရှိခဲ့ပြီးနောက် လက်နက်များနှင့် ရိက္ခာများတွေ့ရှိသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ရေစကြိုမြို့နယ်သည် မြို့တွင်း၌ မကြာခဏ လက်လုပ်ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားလျက်ရှိသလို တပ်မတော် ထောက်ခံသူအချို့လည်း သတ်ဖြတ်ခံမှုများ ရှိခဲ့ပါတယ်။

 

ပြီးခဲ့သည့်ရက်ပိုင်းက ရေစကြိုမြို့နယ် ရွှေလှံရွာသို့ သွားရောက်ခဲ့သည့် မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးနှင့် ကျေးရွာမီးလင်းရေးအတွက် လျှပ်စစ်တိုင်ထောင်သည့် ဝန်ထမ်းနှစ်ဦးသည် သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

 

ရေစကြိုမြို့နယ်သည် ခလရ ၂၅၆/၂၅၇/၂၅၈ အခြေစိုက်သည့် မြို့နယ်တစ်ခုဖြစ်ပါတယ်။

 

#PeopleMedia #ရေစကြိုမြို့ #မအူအလယ်ရွာ

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post