• Follow Us on

Home ရေစကြိုမြို့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ထပ်မံနုတ်ထွက်

ရေစကြိုမြို့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ထပ်မံနုတ်ထွက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၈ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အများအပြား ထပ်မံနုတ်ထွက်ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

 

အဆိုပါ ရပ်ကျေးများမှာ နေရင်း၊ မိဖုရား၊ ဂွေးဂုဏ်နှင့် နှောင်းဘ စသည့် ကျေးရွာများအပါအဝင် ရပ်ကျေး အုပ်ချုပ်ရေးမှူး တော်တော်များများ နုတ်ထွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

နုတ်ထွက်တင်ကြသည့် အုပ်ချုပ်ရေးမှူးများသည် ကျန်းမာရေးမကောင်း၍ တာဝန်ဆက်လက်ထမ်းဆောင် နိုင်ခြင်းမရှိကြောင်း ရေးသားထားကြသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း၌လည်း ရေစကြိုမြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးအများအပြား နုတ်ထွက်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

 

လက်ရှိ PDF အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်ခြင်းများကြောင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စသည်တို့အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော်များများရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ဆက်တိုက်နုတ်ထွက်နေကြခြင်းဖြစ်သည်။

 

#PeopleMedia #ရပ်ကျေး

 

(unicode)

ရစေကွိုမွို့၊ ရပျကြေးအုပျခြုပျရေးမှူးမြား ထပျမံနုတျထှကျ

……………………………………………………………….

 


 


 


 


 


 


 



Share this post