• Follow Us on

Home ရေစကြိုမြို့၊ ဖောင်တော်ဦးရပ်၌ ကင်းလှည့်နေသည့် လုံခြုံရေးယာဉ်တန်း မိုင်းဆွဲခံရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံး

ရေစကြိုမြို့၊ ဖောင်တော်ဦးရပ်၌ ကင်းလှည့်နေသည့် လုံခြုံရေးယာဉ်တန်း မိုင်းဆွဲခံရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံး

Share this post

ရေစကြို၊ မတ် ၉

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊ ဖောင်တော်ဦးရပ်ကွက်၌ ကင်းလှည့်နေသည့် လုံခြုံရေးယာဉ်တန်း မိုင်းဆွဲ ခံရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သည်။

 

“လုံခြုံရေးအဖွဲ့တွေက ကင်းလှည့်နေတာ။ ရေစကြို ဖောင်တော်ဦးဘက်က မြေသားလမ်းဘက်မှာ ယာဉ်တန်း သွားတဲ့လမ်းကို မိုင်းဆွဲသွားတာ။ ရေစကြို ထင်းတန်းရပ်နဲ့ ဖောင်တော်ဦးရပ်က ရေစကြိုမှာ ပေါက်ကွဲမှု ဖြစ်စဉ် တွေ ဖြစ်ပေါ်တဲ့ ရပ်ကွက်တွေပါ” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တာဝန်ရှိသူများက နေပြည်တော်ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေးခဲ့သော်လည်း ကွယ်လွန်ခဲ့သည်။

 

ရေစကြိုမြို့သည် PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်ပြီး PDF အဖွဲ့၏ လက်ချက်ကြောင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ၊ နိုင်ငံရေးပါတီဝင်များ ၃၀ ခန့် သေဆုံးခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………….

 


 


 


 


 


 

#PeopleMedia


Share this post