• Follow Us on

Home ရေစကြို PDF အဖွဲ့မှ တပ်ရင်း(၁) သင်တန်း အမှတ်စဉ် (၈) သင်တန်းဆင်းပွဲ ပြုလုပ်၊ PDF များ အားကောင်းမှု ကြောင့် လျှပ်စစ်ဝန်ထမ်းများသည် ကျေးရွာအတွင်း ကွင်းဆင်း၍ လျှပ်စစ်မီတာခများ မကောက်ယူနိုင်သေးဟု ဆို

ရေစကြို PDF အဖွဲ့မှ တပ်ရင်း(၁) သင်တန်း အမှတ်စဉ် (၈) သင်တန်းဆင်းပွဲ ပြုလုပ်၊ PDF များ အားကောင်းမှု ကြောင့် လျှပ်စစ်ဝန်ထမ်းများသည် ကျေးရွာအတွင်း ကွင်းဆင်း၍ လျှပ်စစ်မီတာခများ မကောက်ယူနိုင်သေးဟု ဆို

Share this post

မကွေး၊ ဇန်နဝါရီ ၂၁ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ PDF အဖွဲ့မှ တပ်ရင်း(၁) သင်တန်းအမှတ်စဉ် (၈) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

 

ရေစကြို PDF အဖွဲ့မှ ထုတ်ပြန်ထားသော ဓါတ်ပုံ၌ သင်တန်းဆင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့နှင့် ဇန်နဝါရီ ၁၀ ရက်နေ့ ဖြစ်ကြောင်း ဖော်ပြထားသည်။ ရေစကြိုမြို့နယ်သည် PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခုဖြစ်သလို မြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းများ လုံခြုံရေးအရ လျှပ်စစ်ဓါတ်အားခ မကောက်ယူနိုင် သည့် မြို့နယ်တစ်ခုဖြစ်သည်။

 

“လျှပ်စစ်ဝန်ထမ်းတွေ မီးသွယ်တန်းရေးပြုလုပ်စဉ်က လုပ်ကြံခံခဲ့ရတယ်။ တရားခံလည်း မမိဘူး။ အခုက မြို့ ပေါ်ရော ရွာဘက်ရော လျှပ်စစ်မီတာခ မကောက်ယူနိုင်တာကြာပြီ။” လို့ လျှပ်စစ်ဝန်ထမ်းတစ်ဦးက ပြောသည်။

 

ထို့အတူ ရေစကြို PDF အဖွဲ့သည် မြို့နယ်ရှိ ရဲကင်စခန်း ၂ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ အလားတူ ရေစကြိုမြို့နယ်၏ မြစ်အခြေခြမ်းဒေသများ၌ အုပ်ချုပ်ရေးမှူးများသည် PDF အဖွဲ့များ၏ ခြိမ်းခြောက်မှုကြောင့် တာဝန်မှ နုတ်ထွက်မှု ပြုလုပ်ထားသည်။

 

ရေစကြိုမြို့သည် န-မ-ခ အခြေစိုက်ရာ မုံရွာမြို့အနီး၌ တည်ရှိသလို တပ်ရင်းတပ်ဖွဲ့များ တည်ရှိသည့်မြို့နယ် တစ်ခုဖြစ်သည်။

 

#PeopleMedia #ရေစကြိုမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 


 



Share this post