• Follow Us on

Home ရေစကြို PDF အဖွဲ့ဝင်များသည် လူမှုကူညီရေးယာဉ်များ အသုံးပြု၍ သွားလာလှုပ်ရှားနေ

ရေစကြို PDF အဖွဲ့ဝင်များသည် လူမှုကူညီရေးယာဉ်များ အသုံးပြု၍ သွားလာလှုပ်ရှားနေ

Share this post

Open photo

ရေစကြို၊ မတ် ၁၅

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၌ သောင်းကျန်းနေသည့် NUG/PDF အကြမ်းဖက်ခေါင်းဆောင် ဗိုလ်စနေနှင့် အဖွဲ့သည် လူမှုကူညီရေးယာဉ်များ အသုံးပြု၍ သွားလာလျက်ရှိသည်။

 

ရေစကြိုမြို့နယ်ရှိ NUG/PDF အကြမ်းဖက်အဖွဲ့သည် လူမှုကူညီရေးယာဉ်များ အသုံးပြုပြီး ရိက္ခာစုဆောင်းခြင်း၊ ကင်းထောင်ခြင်း၊ အင်အားနည်းသော ကင်းစခန်းများကို ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

 

အလားတူ မတ်လ ၁၄ ရက်နေ့၌ ရေစကြိုမြို့နယ် NUG/PDF အကြမ်းဖက်ခေါင်းဆောင် ဗိုလ်စနေသည် ၎င်း၏ လူမှုကွန်ရက်၌ လူမှုကူညီရေးယာဉ်ဖြင့် ရိက္ခာစုဆောင်းခြင်းဆိုသော ဓါတ်ပုံကို ၎င်း၏ လူမှုကွန်ရက်တွင် တင်ခဲ့ သည်။

 

အဆိုပါ လူမှုကွန်ရက်၌ ဗိုလ်စနေတင်ခဲ့သည့် လူမှုကူညီရေးယာဉ်ကို လှူဒါန်းခဲ့သော အလှူရှင်များမှာ “မန္တလေး မြို့၊ မဟာမြိုင် အပိုင်း ၃ နေ ဦးခြိမ့်ထင်(ခေါ်)ဦးမြိုင်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်လုံ” တို့ဖြစ်သည်။

 

အလားတူ ရေစကြို PDF အဖွဲ့များသည် မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့် တပ်မတော်နေ့၌ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် အများနှင့် သက်ဆိုင်သည့်နေရာများကို အကြမ်းဖက်ရန် ပြင်ဆင်လျှက်ရှိ နေသည်။

 

#PeopleMedia

 

(unicode)


……………………………..

 


 


 


 


 


 


 

#PeopleMedia


Share this post