• Follow Us on

Home ေရတိုက္စားမႈေၾကာင့္ ၿပိဳက်ခဲ့သည့္လီဒိုလမ္းပိုင္း၊ လမ္းလြဲသ စ္ေဖာက္လုပ္မႈ ၈၀ ရာခိုင္ႏႈန္းၿပီးစီး ………………………………………

ေရတိုက္စားမႈေၾကာင့္ ၿပိဳက်ခဲ့သည့္လီဒိုလမ္းပိုင္း၊ လမ္းလြဲသ စ္ေဖာက္လုပ္မႈ ၈၀ ရာခိုင္ႏႈန္းၿပီးစီး ………………………………………

Share this post

တႏိုင္း၊ စက္တင္ဘာ ၅

တႏိုင္းၿမိဳ႕နယ္ ပႏၷက္ေက်းရြာနား တဝမ္ေခ်ာင္းေရတိုက္စားတာေၾကာင့္ ၿပိဳက်ခဲ့သည့္ လီဒိုလမ္းပိုင္းအစား လမ္းလြဲ အသစ္ကို ျသဂုတ္လ ၁၈ ရက္ေန႔က ေန စတင္ေဖာက္လုပ္ခဲ့ရာ ၈၀ ရာခိုင္ႏႈန္း ၿပီးစီးၿပီျဖစ္ေၾကာင္း တႏိုင္းၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ သိရသည္။

အဆိုပါ လမ္းလြဲသစ္ကို တဝမ္ေခ်ာင္း ေရတိုက္စားရာေနရာ၏အထက္ပိုင္မွစတင္ကာေဖာက္လုပ္ထား ၿပီး လမ္း၏ အက်ယ္ေပမွာ ေပ၄၀ ခန္႔၊ တဝမ္ေခ်ာင္းႏွင့္ ေပ ၂၀၀ ခန္႔တြင္းေဖာက္လုပ္ထားေၾကာင္း တႏိုင္းၿမိဳ႕နယ္ လမ္းဦးစီးဌာန မွ အငယ္တန္းၿမိဳ႕ျပ အင္ဂ်င္နီယာ ၂၊ ဦးစိုင္းေအာင္မ်ိဳးၫႊန္႔က ေျပာသည္။

“လမ္းလြဲသစ္ကၿပီးစီးမႈအေနနဲ႔က. ၈၀ ရာခိုင္ႏႈန္းၿပီးစီးၿပီ လမ္းက အေခ်ာသက္ဖို႔ပဲရွိေတာ့တယ္၊ အခုက ဒီလမ္းကို အသုံးျပဳေနၾကပါၿပီ”ဟု ၎က ေျပာသည္။

အဆိုပါ လမ္းပိုင္းကို ျသဂုတ္လ ၁၆ရက္ေန႔ ညပိုင္းက စတင္ တိုက္စားခဲ့ျခင္းျဖစ္ၿပီး တႏိုင္းၿမိဳ႕နယ္ လမ္းဦးစီးဌာနမွ ခရီးလမ္းျပတ္တာက္မႈမရွိေစရန္ လမ္းလြဲသစ္ကိုျသဂုတ္လ ၁၈ ရက္ေန႔က စတင္က ေဖာက္လုပ္ခဲ့ေၾကာင္းသိရသည္။

ေဝယံ(အီးပီအမ္)

#PeopleMedia #တႏိုင္း

(unicode)
ရေတိုက်စားမှုကြောင့် ပြိုကျခဲ့သည့်လီဒိုလမ်းပိုင်း၊ လမ်းလွဲသ စ်ဖောက်လုပ်မှု ၈၀ ရာခိုင်နှုန်းပြီးစီး
…………………………………………

တနိုင်း၊ စက်တင်ဘာ ၅

တနိုင်းမြို့နယ် ပန္နက်ကျေးရွာနား တဝမ်ချောင်းရေတိုက်စားတာကြောင့် ပြိုကျခဲ့သည့် လီဒိုလမ်းပိုင်းအစား လမ်းလွဲ အသစ်ကို သြဂုတ်လ ၁၈ ရက်နေ့က နေ စတင်ဖောက်လုပ်ခဲ့ရာ ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း တနိုင်းမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။

အဆိုပါ လမ်းလွဲသစ်ကို တဝမ်ချောင်း ရေတိုက်စားရာနေရာ၏အထက်ပိုင်မှစတင်ကာဖောက်လုပ်ထား ပြီး လမ်း၏ အကျယ်ပေမှာ ပေ၄၀ ခန့်၊ တဝမ်ချောင်းနှင့် ပေ ၂၀၀ ခန့်တွင်းဖောက်လုပ်ထားကြောင်း တနိုင်းမြို့နယ် လမ်းဦးစီးဌာန မှ အငယ်တန်းမြို့ပြ အင်ဂျင်နီယာ ၂၊ ဦးစိုင်းအောင်မျိုးညွှန့်က ပြောသည်။

“လမ်းလွဲသစ်ကပြီးစီးမှုအနေနဲ့က. ၈၀ ရာခိုင်နှုန်းပြီးစီးပြီ လမ်းက အချောသက်ဖို့ပဲရှိတော့တယ်၊ အခုက ဒီလမ်းကို အသုံးပြုနေကြပါပြီ”ဟု ၎င်းက ပြောသည်။

အဆိုပါ လမ်းပိုင်းကို သြဂုတ်လ ၁၆ရက်နေ့ ညပိုင်းက စတင် တိုက်စားခဲ့ခြင်းဖြစ်ပြီး တနိုင်းမြို့နယ် လမ်းဦးစီးဌာနမှ ခရီးလမ်းပြတ်တာက်မှုမရှိစေရန် လမ်းလွဲသစ်ကိုသြဂုတ်လ ၁၈ ရက်နေ့က စတင်က ဖောက်လုပ်ခဲ့ကြောင်းသိရသည်။

ဝေယံ(အီးပီအမ်)

#PeopleMedia #တနိုင်း


Share this post