• Follow Us on

Home ေရနံေခ်ာင္းၿမိဳ႕၌ ေကာလိပ္ေက်ာင္းသား ဓါးထိုးခံရ၍ ေသဆုံး

ေရနံေခ်ာင္းၿမိဳ႕၌ ေကာလိပ္ေက်ာင္းသား ဓါးထိုးခံရ၍ ေသဆုံး

Share this post

မေကြး၊ေဖေဖာ္ဝါရီ-၁၆

မေကြးတိုင္းေဒသႀကီး ေရနံေခ်ာင္းၿမိဳ႕နယ္သစ္တေဗြရပ္ကြက္ေတာင္ေပၚသားေဘာ္ဒါေဆာင္တြင္ေက်ာင္းသားခ်င္းဓားထိုးမႈျဖစ္စဉ္တစ္ခုေဖေဖာ္ဝါရီလ၁၆ရက္နံနက္ ၉နာရီခြဲအခ်ိန္ကျဖစ္ပြားခဲ့သည္။

သစ္တေဗြရပ္ကြက္ေတာင္ေပၚသားေဘာ္ဒါေဆာင္တြင္က်ဳရွင္တက္ေနေသာ ေက်ာ္မ်ိဳးလင္း(၁၈)ႏွစ္(ေရနံေခ်ာင္းဒီဂရီေကာလိပ္မွဓာတုေဗဒပထမႏွစ္ေက်ာင္သား)အားေအာင္မ်ိဳးဦး(၁၇)ႏွစ္(ပြင့္ျဖဴၿမိဳ႕နယ္၊ကံသာႀကီးေက်းရြာေနထိုင္သူ)ကပုလင္းျဖင့္စတင္႐ိုက္ႏွက္ခဲ့ၿပီးေက်ာ္မ်ိဳးလင္းကအသင့္ပါလာေသာဓားျဖင့္ျပန္လည္ထိုးသြင္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ျဖစ္ပြားရသည့္အေၾကာင္းရင္းမွေဖေဖာ္ဝါရီလ၁၄ရက္ည၁၀နာရီအခ်ိန္ပန္းသတင္းေဘာ္ဒါေဆာင္တြင္ေက်ာ္မ်ိဳးလင္းသည္၎၏သူငယ္ခ်င္းျဖစ္သူသိန္းသန္းဝင္း၏အေဆာင္သို႔သြားေရာက္အိပ္စက္စဉ္ေအာင္မ်ိဳးဝင္း၏ေစာင္အားယူၿခဳံမိသျဖင့္ႏွစ္ဦးသားစကားမ်ားျခင္းမွစတင္ခဲ့ေၾကာင္းရဲမွတ္တမ္းအရသိရသည္။

ယင္းျဖစ္စဉ္အားမေက်နပ္၍ေက်ာ္မ်ိဳးလင္း၏အကိုဝမ္းကြဲေတာ္စပ္သူသန္းႏိုင္(၂၁)ႏွစ္MPဒုတိယႏွစ္သည္ေအာင္မ်ိဳးဦးအားပုလင္းျဖင့္႐ိုက္ခဲ့သျဖင့္ေက်ာင္းသားမ်ားကဝင္ေရာက္ျဖန္ေျဖခဲ့ရမႈေဖေဖာ္ဝါရီလ ၁၅ရက္ နံနက္ ၉နာရီအခ်ိန္ကျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ယခုဓားထိုးမႈျဖစ္စဉ္သည္၎အေျခအေနမ်ားေၾကာင့္ျဖစ္ေပၚခဲ့ရျခင္းျဖစ္ၿပီးျဖစ္စဉ္ေၾကာင့္ေအာင္မ်ိဳးဦးတြင္ညာဘက္ရင္အုံထိုးသြင္းဒဏ္ရာတစ္ခ်က္၊ညာဘက္လက္ေမာင္းရင္းထိုးသြင္းဒဏ္ရာတစ္ခ်က္၊ညာဘက္ရင္ဘတ္အထက္ပိုင္းထိုးသြင္းဒဏ္ရာတစ္ခ်က္တို႔ရရွိခဲ့ေၾကာင္းသိရသည္။

အဆိုပါျဖစ္စဉ္ေၾကာင့္ေညာင္လွနယ္ေျမရဲစခန္းကအမွတ္(ပ)၅/၂၀၂၀ရာဇသတ္ႀကီးပုဒ္မ ၃၂၆ျဖင့္ကနဦးအမႈေရးဖြင့္ထားၿပီး ေရနံေခ်ာင္းၿမိဳ႕ျပည္သူ့ေဆး႐ုံတြင္ေဆးကုသမႈခံယူေန ေ​သာေအာင္မ်ိဳးဦးမွာရရွိဒဏ္ရာမ်ားျဖင့္ေသဆုံးသြားသည္ဟုသိရသျဖင့္ပုဒ္မေျပာင္းလဲအမႈေရးဖြင့္ရန္အတြက္ျပင္ဆင္လွ်က္ရွိေနေၾကာင္းသိရသည္။

သက္ေနာင္(မင္းလွ)

#PeopleMedia #ေရနံေခ်ာင္း

[Unicode]
ရေနံချောင်းမြို့၌ ကောလိပ်ကျောင်းသား ဓါးထိုးခံရ၍ သေဆုံး
………………………………………………………….
မကွေး၊ဖေဖော်ဝါရီ-၁၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်သစ်တဗွေရပ်ကွက်တောင်ပေါ်သားဘော်ဒါဆောင်တွင်ကျောင်းသားချင်းဓားထိုးမှုဖြစ်စဉ်တစ်ခုဖေဖော်ဝါရီလ၁၆ရက်နံနက် ၉နာရီခွဲအချိန်ကဖြစ်ပွားခဲ့သည်။

သစ်တဗွေရပ်ကွက်တောင်ပေါ်သားဘော်ဒါဆောင်တွင်ကျုရှင်တက်နေသော ကျော်မျိုးလင်း(၁၈)နှစ်(ရေနံချောင်းဒီဂရီကောလိပ်မှဓာတုဗေဒပထမနှစ်ကျောင်သား)အားအောင်မျိုးဦး(၁၇)နှစ်(ပွင့်ဖြူမြို့နယ်၊ကံသာကြီးကျေးရွာနေထိုင်သူ)ကပုလင်းဖြင့်စတင်ရိုက်နှက်ခဲ့ပြီးကျော်မျိုးလင်းကအသင့်ပါလာသောဓားဖြင့်ပြန်လည်ထိုးသွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်ပွားရသည့်အကြောင်းရင်းမှဖေဖော်ဝါရီလ၁၄ရက်ည၁၀နာရီအချိန်ပန်းသတင်းဘော်ဒါဆောင်တွင်ကျော်မျိုးလင်းသည်၎င်း၏သူငယ်ချင်းဖြစ်သူသိန်းသန်းဝင်း၏အဆောင်သို့သွားရောက်အိပ်စက်စဉ်အောင်မျိုးဝင်း၏စောင်အားယူခြုံမိသဖြင့်နှစ်ဦးသားစကားများခြင်းမှစတင်ခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။

ယင်းဖြစ်စဉ်အားမကျေနပ်၍ကျော်မျိုးလင်း၏အကိုဝမ်းကွဲတော်စပ်သူသန်းနိုင်(၂၁)နှစ်MPဒုတိယနှစ်သည်အောင်မျိုးဦးအားပုလင်းဖြင့်ရိုက်ခဲ့သဖြင့်ကျောင်းသားများကဝင်ရောက်ဖြန်ဖြေခဲ့ရမှုဖေဖော်ဝါရီလ ၁၅ရက် နံနက် ၉နာရီအချိန်ကဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယခုဓားထိုးမှုဖြစ်စဉ်သည်၎င်းအခြေအနေများကြောင့်ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီးဖြစ်စဉ်ကြောင့်အောင်မျိုးဦးတွင်ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ညာဘက်လက်မောင်းရင်းထိုးသွင်းဒဏ်ရာတစ်ချက်၊ညာဘက်ရင်ဘတ်အထက်ပိုင်းထိုးသွင်းဒဏ်ရာတစ်ချက်တို့ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကြောင့်ညောင်လှနယ်မြေရဲစခန်းကအမှတ်(ပ)၅/၂၀၂၀ရာဇသတ်ကြီးပုဒ်မ ၃၂၆ဖြင့်ကနဦးအမှုရေးဖွင့်ထားပြီး ရေနံချောင်းမြို့ပြည်သူ့ဆေးရုံတွင်ဆေးကုသမှုခံယူနေ ​ေသာအောင်မျိုးဦးမှာရရှိဒဏ်ရာများဖြင့်သေဆုံးသွားသည်ဟုသိရသဖြင့်ပုဒ်မပြောင်းလဲအမှုရေးဖွင့်ရန်အတွက်ပြင်ဆင်လျှက်ရှိနေကြောင်းသိရသည်။

သက်နောင်(မင်းလှ)

#PeopleMedia #ရေနံချောင်း


Share this post