• Follow Us on

Home ရေသီယွန်ကုမ္ပဏီက ပိုလန်နိုင်ငံသို့ ခေတ်မီဘက်စုံသုံးကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်များ ရောင်းချရန် ကမ်းလှမ်း

ရေသီယွန်ကုမ္ပဏီက ပိုလန်နိုင်ငံသို့ ခေတ်မီဘက်စုံသုံးကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်များ ရောင်းချရန် ကမ်းလှမ်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၈ (People Media)

 

ရေသီယွန်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီသည် ခေတ်မီပက်ထရီယော့ဒုံးကျည် အစိတ်အပိုင်းနှစ်စုံကို ၂၀၂၂ ခုနှစ်တွင် ပိုလန်နိုင်ငံသို့ပေးပို့သွားရန်ပြင်ဆင်ထားကြောင်းသိရသည်။ ပိုလန်နိုင်ငံ၏ ဝစ်လာ တာလတ်ပစ်လေ ကြောင်းရန်ကာကွယ်ရေးဒုံးကျည်ပရိုဂရမ်မှာ တိုးတက်နေပြီဖြစ်သောကြောင့် ရေသီယွန်ကုမ္ပဏီသည် ယင်းပရို ဂရမ်၏ဒုတိယအဆင့်တွင် ဆက်လက်ဆောင်ရွက်နိုင်ရေး ပိုလန်ကုမ္ပဏီ ၉ ခုနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်လျက်ရှိပြီး ၎င်းကုမ္ပဏီထုတ် ခေတ်မီဘက်စုံသုံးကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည် (SkyCeptor) များကို ပိုလန်နိုင်ငံသို့ ရောင်းချရန် ကမ်းလှမ်းလျက်ရှိသည်။

 

လွန်ခဲ့သည့်လက ပိုလန်အစိုးရပိုင်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ (PGZ) နှင့် သွင်းကုန်စည်းကမ်းသတ်မှတ် ချက်သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း ရေသီယွန်ကုမ္ပဏီ၏ ပိုလန်ပက်ထရီယော့ပရိုဂရမ်မှ ဒါရိုက် တာ ရွှန်ရန်းတပ်စ်ကပြောသည်။

 

“ဒီကနေ့အချိန်မှာ ကျွန်မတို့ကုမ္ပဏီဟာ ပိုလန်ကုမ္ပဏီကိုးခုနဲ့ ကန်ထရိုက်စာချုပ်ချုပ်နေပါတယ်။ ဝစ်လာ တာ လတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ပရိုဂရမ်အဆင့် ၁ မှာ ကျွန်မတို့ကုမ္ပဏီရဲ့ထုတ်ကုန်တွေနဲ့ ဝန် ဆောင်မှုတွေကို ပေးပို့သွားမှာဖြစ်ပါတယ်။ ဝစ်လာ တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ပရိုဂရမ် ကိုအဆင့်မြှင့်တင်ဖို့အတွက် ကျွန်မတို့ကုမ္ပဏီဟာ ပိုလန်အစိုးရနဲ့ ဆွေးနွေးနေပါတယ်။ ရေသီယွန်ကုမ္ပဏီက ခေတ်မီဘက်စုံသုံးကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည် (SkyCeptor) တွေကို ရောင်းချပေးဖို့လည်း ကမ်းလှမ်းထား ပါတယ်။ ဟု ၎င်းကပြောသည်။

 

ဝစ်လာ တာလတ်ပစ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်ပရိုဂရမ်အဆင့် ၂ သည် ပိုလန်အစိုးရကဆောင်ရွက် သည့် ခေတ်မီအဆင့်မြှင့်တင်ရေးအစီအစဉ်အတွက် နောက်အဆင့်ဖြစ်ကြောင်း၊ ခေတ်မီဘက်စုံသုံးကြားဖြတ် တိုက်ခိုက်ရေးဒုံးကျည် (SkyCeptor) များမှာ ပို၍ဈေးနှုန်းသင့်တော်သော ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်များ ဖြစ်ကြောင်း ၎င်းကပြောသည်။

ခေတ်မီဘက်စုံသုံးကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည် SkyCeptor များကို ရေသီယွန်ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီ ဖြစ်သော အစ္စရေး Rafael Advanced Defense Systems တို့ ပူးတွဲထုတ်လုပ်ထားခြင်းဖြစ်သည်။ SkyCeptor များမှာ အစ္စရေးနိုင်ငံမှ David’s Sling ဒုံးကျည်ကာကွယ်ရေးစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

 

Ref: Raytheon offers SkyCeptor, Polish industry cooperation for air defense deal

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 



 

Ref: Raytheon offers SkyCeptor, Polish industry cooperation for air defense deal

 

#PeopleMedia


Share this post