• Follow Us on

Home ရေဦးမြို့နယ်၊ ပါရမီရွာအနီးရှိ PDF စခန်းရှင်းလင်းခံခဲ့ရပြီးနောက် စခန်းရှိ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆိုင်ကယ် ၆ စီး မ်ီးရှို့ဖျက်ဆီးခံရ

ရေဦးမြို့နယ်၊ ပါရမီရွာအနီးရှိ PDF စခန်းရှင်းလင်းခံခဲ့ရပြီးနောက် စခန်းရှိ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆိုင်ကယ် ၆ စီး မ်ီးရှို့ဖျက်ဆီးခံရ

Share this post

မုံရွာ၊ ဇန်နဝါရီ ၂၄ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ပါရမီရွာမြောက်ဘက်၊ အုတ်လုပ်ငန်းအနီးရှိ PDF စခန်းရှင်းလင်းခံခဲ့ရ ပြီးနောက် စခန်းရှိ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆိုင်ကယ် ၆ စီးကို တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးလိုက်သည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉း၃၀ အချိန်က ရေဦးမြို့နယ်၊ ပါရမီရွာမြောက်ဘက်၊ အုတ်လုပ်ငန်းအနီး ဦးဝင်းနိုင်၏ ကွမ်းခြံ၌ အခြေပြုလှုပ်ရှားသည့် PDF စခန်းကို တာဝန်ရှိသူများက ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ PDF စခန်းအတွင်းမှ လက်လုပ်တစ်တောင့်ထိုးသေနက်များ၊ လက်လုပ်လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်း များ၊ လျှပ်စစ်ဒီတိုနေတာများ၊ ဖက်ခွဲဖျက်ဆီးရေးပစ္စည်းများ၊ အိုင်ကွန်များ၊ ပြောက်ကျားအင်္ကျီများ၊ ဆိုင်ကယ် များ၊ ယမ်းမှုန့်များ သိမ်းဆည်းရမိခဲ့ပြီး လက်လုပ်မိုင်းများနှင့် ဖောက်ခွဲပစ္စည်းများ၊ ဆိုင်ကယ် ၆ စီးကို တာဝန်ရှိ သူများက မီးရှို့ဖောက်ခွဲဖျက်ဆီးခဲ့သည်။

 

ဇန်နဝါရီ တတိယပတ်အတွင်း၌ ရေဦးမြို့နယ်၌ ရေဦး PDF အဖွဲ့များနှင့် PDF တို့ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သလို PDF စခန်းများလည်း ဆက်တိုက်ဆိုသလို ရှင်းလင်းခံရလျက်ရှိသည်။

 

#PeopleMedia #ရေဦးမြို့PDF

 

(unicode)


………………………………………………….

 


 


 


 


 


 



Share this post