• Follow Us on

Home ရေဦးမြို့၊ ရွာမိဿာရွာအနီး၌ ဒေသခံ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ် ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင်များ ကျဆုံးမှုရှိခဲ့ဟုဆို

ရေဦးမြို့၊ ရွာမိဿာရွာအနီး၌ ဒေသခံ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့ နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ် ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင်များ ကျဆုံးမှုရှိခဲ့ဟုဆို

Share this post

မုံရွာ၊ ဇန်နဝါရီ ၂၁ (People Media)

 

ယနေ့ နံနက် (ရး၃၀) အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့၊ ရွာမိဿာရွာအနီး၌ ဒေသခံ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့သည် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး PDF အဖွဲ့ဝင်များ ကျဆုံးမှုရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

 

ယနေ့ နံနက် (ရး၃၀) ရေဦးမြို့၊ ရွာမိဿာရွာအနီး၌ ဒေသခံ PDF အဖွဲ့နှင့်လုံခြုံရေးအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီးနောက် PDF အဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့ကြောင်း ဒေသခံ အချို့က ပြောသည်။

 

အဆိုပါ တိုက်ပွဲအတွင်း၌ PDF အဖွဲ့ဝင် ကျား (၇)လောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်သေနတ် ၃ လက်၊ ဆိုင်ကယ် ၉ စီး သိမ်းဆည်းခံလိုက်ရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ People Media မှ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

 

#PeopleMedia #ရေဦးမြို့

 

(unicode)


…………………………………………………….

 


 


 


 


 


 



Share this post