• Follow Us on

Home ရေဦးမြို့၌ ငွေချေးလုပ်ငန်းမှ အမျိုးသမီးနှစ်ဦး ဓားပြတိုက်ခံရ

ရေဦးမြို့၌ ငွေချေးလုပ်ငန်းမှ အမျိုးသမီးနှစ်ဦး ဓားပြတိုက်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၁ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ PGMF(PACT) Myanmar ငွေချေးလုပ်ငန်းမှ ဝန်ထမ်းနှစ်ဦးသည် ဩဂုတ် ၂၀ ရက်နေ့၌ ဓါးပြတိုက်ခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ PGMF(PACT) Myanmar ငွေချေးလုပ်ငန်းမှ ဝန်ထမ်းနှစ်ဦး ရေဦးမြို့ လှည်းသွင်းကျေးရွာသို့ ငွေ လာရောက်သိမ်းပြီးနောက် ယင်းကျေးရွာအရှေ့အရောက်တွင် အမျိုးသား ၈ ဦးက တုတ်၊ ဓား၊ သေနတ်များဖြင့် ထွက်လာကာ ၎င်းတို့တွင် ပါရှိသော ဖုန်းအပါအဝင် ငွေကြေးများကို တောင်းယူခဲ့ပြီးခဲ့တယ်လို့ သိရပါတယ်။

 

အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ (တောင်ယာလုပ်ငန်းလုပ်ကိုင်သော) အမျိုးသားတစ်ဦးက ထပ်မံရောက်ရှိ လာစဉ် အဆိုပါ အမျိုးသမီးနှစ်ဦးနှင့် ရောက်ရှိလာသော အမျိုးသားတစ်ဦးကို တိုက်ခိုက်ကာ ထွက်ပြေးသွား ခြင်းဖြစ်တယ်လို့လည်း ဒေသခံများရဲ့ပြောပြချက်အရ သိရပါတယ်။

 

“အခုအထိတော့ တရားခံတော့ မမိသေးဘူး။ ဒဏ်ရာရတဲ့သူတွေကလည်း ရှပ်ထိတာဆိုတော့ စိုးရိမ်စရာ တော့မရှိပါဘူး။ ဒါပေမယ့် အခုလိုဖြစ်ပွားတဲ့အခါတော့ အဲ့ဒီဝန်ထမ်းအမျိုးသမီးတွေကတော့ အတော်လန့်နေ ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

အဆိုပါ ဓားပြတိုက်ခံရမှုဖြစ်စဉ်တွင် ငွေကျပ် ၁၇ သိန်းကျော် ဆုံးရှုံးခဲ့ပြီး ပါရှိသွားသော ဖုန်းများကိုမူ လမ်း ဘေးတစ်နေရာတွင် စွန့်ပြစ်ထားသည့်အတွက် ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့ ယခင်က အဆိုပါကဲ့သို့ ဓားပြတိုက်ခံရမှုများသည် ဖြစ်ပွားမှုမရှိခဲ့သော်လည်း ယခု လပိုင်းအတွင်း ဓားပြတိုက်ခံရမှုသည် ၂ ကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

#PeopleMedia #ရေဦးမြို့

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 



Share this post