• Follow Us on

Home ရေဦးမြို့၌ နိုင်ငံတော်၏အတိုင်ပင်ခံ (၇၅) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စိုက်ပျိုးထားသည့် သပြေဘုတပန်းပင် (၇၅) ပင်အနက် (၂၆) ပင် ဖျက်ဆီးခံရ


Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၂၃
 
 
 
 
 
 
 
(unicode)
ရေဦးမြို့၌ နိုင်ငံတော်၏အတိုင်ပင်ခံ (၇၅) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စိုက်ပျိုးထားသည့် သပြေဘုတပန်းပင် (၇၅) ပင်အနက် (၂၆) ပင် ဖျက်ဆီးခံရ
…………………………………………………………….
 
ရန်ကုန်၊ နိုဝင်ဘာ – ၂၃
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၌ နိုင်ငံတော်၏အတိုင်ပင်ခံ (၇၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စိုက်ပျိုးထားသည့် သပြေဘုတ ပန်းပင်း (၇၅) ပင်အနက် (၂၆) ပင်ကို နိုဝင်ဘာ (၂၂) ရက်နေ့ ညအချိန်က ဖျက်ဆီးခံခဲ့ရသည်။
 
အဆိုပါ ပန်းပင်များကို ဖျက်ဆီးသူများသည် လက်ဖြင့် လိမ်ချိုးခြင်း၊ အမြစ်မှ နုတ်ပစ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ဒေသခံ အချို့က အတည်ပြုပြောဆိုသည်။
 
အလားတူ အဆိုပါပန်းပင်များကို ကာရံထားသည့်သစ်သားတန်းများလည်း ဖျက်ဆီးခံခဲ့ရသည်။
 
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး People Media က ရေဦးမြို့ တိုင်းအမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးကို ဆက်သွယ်မေးမြန်းရာ ”ဖျက်စီးခံရတာ ၂၆ ပင်ပါ။ အဲ့ဒီ ၂၆ ပင်ထဲက ၅ ပင်က အမြစ်က နုတ်သွားတာ။ ကျန်တာက ချိုးသွားတာဖြစ်တယ်လို့” ပြောသည်။
 
ထပ်မံ၍ ဦးမြင့်ထွေးက အများပြည်သူထည့်ဝင်ငွေများ၊ နိုင်ငံတော်၏ ငွေများဖြင့် ဆောင်ရွက်ရသည့်ကိစ္စဖြစ်ခြင်းကြောင့် ထိုကဲ့သို့ ပန်းပင်များကို ထပ်မံမဖျက်ဆီးကြရန် မေတ္တာရပ်ခံလိုကြောင်း ပြောပါသည်။
 
#PeopleMedia #ရေဦးမြို့ #ဦးမြင့်ထွေး

Share this post