• Follow Us on

Home ေရာဂါလကၡဏာမ်ားျပသလာပါက COVID-19 ေရာဂါကူးစက္မႈ႐ွိ၊ မ႐ွိစစ္ေဆးသြားမည္ဟု ကမာၻ႔က်န္းမာေရး အဖြဲ႕ၫႊန္ၾကားေရးမွဴးခ်ဳပ္ေျပာ

ေရာဂါလကၡဏာမ်ားျပသလာပါက COVID-19 ေရာဂါကူးစက္မႈ႐ွိ၊ မ႐ွိစစ္ေဆးသြားမည္ဟု ကမာၻ႔က်န္းမာေရး အဖြဲ႕ၫႊန္ၾကားေရးမွဴးခ်ဳပ္ေျပာ

Share this post

ဂ်ီနီဗာ၊ ႏို၀င္ဘာ ၃
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည့္ေရာဂါလကၡဏာမ်ားျပသလာပါက အိမ္တြင္အသြားအလာကန္႔သတ္မႈ ခံယူေနသည့္ ကမာၻ႔က်န္းမာေရးအဖြဲ႔(W.H.O) အႀကီးအကဲ တက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီရီးဆက္စ္ကို ေရာဂါ႐ွိ၊ မ႐ွိစစ္ေဆးသြားမည္ဟု အရာ႐ွိႀကီးတေယာက္က တနလၤာေန႔တြင္ေျပာသည္။
လက္႐ွိလုပ္ထံုးလုပ္နည္းမ်ားအရ စစ္ေဆးရန္မလိုေသးဘဲ အိမ္တြင္ေနထိုင္အလုပ္လုပ္ေနေၾကာင္းႏွင့္ ေရာဂါလကၡဏာမ်ားျပသမႈအေပၚမူတည္ၿပီးစစ္ေဆးသြားမည္ျဖစ္ေၾကာင္း WHO အေရးေပၚအေျခအေန မ်ားဆိုင္ရာကၽြမ္းက်င္သူ မိုက္ ႐ိုင္ယန္ကေျပာသည္။
ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေၾကာင္းအတည္ျပဳသူတေယာက္ႏွင့္ထိေတြ႕သျဖင့္ အသြားအလာကန္႔သတ္ ေစာင့္ၾကည့္မႈခံယူေနေၾကာင္းႏွင့္ ေရာဂါလကၡဏာမ႐ွိေၾကာင္း ၫႊန္ၾကားေရးမွဴးခ်ဳပ္ တက္ဒ႐ို႕စ္က တနဂၤေႏြေန႔တြင္ေျပာသည္။
ကမာၻ႔က်န္းမာေရးအဖြဲ႔လုပ္ထံုးလုပ္နည္းမ်ားအတိုင္း အသြားအလာကန္႔သတ္ေစာင့္ၾကည့္မႈခံယူေနၿပီး အိမ္မွအလုပ္လုပ္သြားမည္ဟုလည္းေျပာသည္။
တက္ဒ႐ို႕စ္သည္ ကမာၻ႔ကပ္ေရာဂါကိုရင္ဆိုင္ရာတြင္ ကုလသမဂၢက်န္းမာေရးေအဂ်င္စီကို ဦးေဆာင္ေန သူျဖစ္သည္။
က်န္းမာေရးလမ္းၫႊန္ခ်က္မ်ားအတိုင္း လိုက္နာၾကရန္အေရးႀကီးေၾကာင္းလည္း တက္ဒ႐ို႕စ္က တြစ္တာတြင္တိုက္တြန္းသည္။
ကမာၻ႔ကပ္ေရာဂါကူးစက္ခံရသူ ၄၆ သန္းေက်ာ္ေနၿပီး ေသဆံုးသူ ၁.၂ သန္းေက်ာ္ေနၿပီျဖစ္သည္။
Ref : WHO chief will be tested for COVID-19 ‘if he shows symptoms’
#PeopleMedia
(unicode)
ရောဂါလက္ခဏာများပြသလာပါက COVID-19 ရောဂါကူးစက်မှုရှိ၊ မရှိစစ်ဆေးသွားမည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ညွှန်ကြားရေးမှူးချုပ်ပြော
………………………………………………………
ဂျီနီဗာ၊ နိုဝင်ဘာ ၃
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်ရောဂါလက္ခဏာများပြသလာပါက အိမ်တွင်အသွားအလာကန့်သတ်မှု ခံယူနေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O) အကြီးအကဲ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီရီးဆက်စ်ကို ရောဂါရှိ၊ မရှိစစ်ဆေးသွားမည်ဟု အရာရှိကြီးတယောက်က တနင်္လာနေ့တွင်ပြောသည်။
လက်ရှိလုပ်ထုံးလုပ်နည်းများအရ စစ်ဆေးရန်မလိုသေးဘဲ အိမ်တွင်နေထိုင်အလုပ်လုပ်နေကြောင်းနှင့် ရောဂါလက္ခဏာများပြသမှုအပေါ်မူတည်ပြီးစစ်ဆေးသွားမည်ဖြစ်ကြောင်း WHO အရေးပေါ်အခြေအနေ များဆိုင်ရာကျွမ်းကျင်သူ မိုက် ရိုင်ယန်ကပြောသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်းအတည်ပြုသူတယောက်နှင့်ထိတွေ့သဖြင့် အသွားအလာကန့်သတ် စောင့်ကြည့်မှုခံယူနေကြောင်းနှင့် ရောဂါလက္ခဏာမရှိကြောင်း ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်က တနင်္ဂနွေနေ့တွင်ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့လုပ်ထုံးလုပ်နည်းများအတိုင်း အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူနေပြီး အိမ်မှအလုပ်လုပ်သွားမည်ဟုလည်းပြောသည်။
တက်ဒရို့စ်သည် ကမ္ဘာ့ကပ်ရောဂါကိုရင်ဆိုင်ရာတွင် ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီကို ဦးဆောင်နေ သူဖြစ်သည်။
ကျန်းမာရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန်အရေးကြီးကြောင်းလည်း တက်ဒရို့စ်က တွစ်တာတွင်တိုက်တွန်းသည်။
ကမ္ဘာ့ကပ်ရောဂါကူးစက်ခံရသူ ၄၆ သန်းကျော်နေပြီး သေဆုံးသူ ၁.၂ သန်းကျော်နေပြီဖြစ်သည်။
Ref : WHO chief will be tested for COVID-19 ‘if he shows symptoms’

Share this post