• Follow Us on

Home ေရေဘးေၾကာင့္ တိမ္းေရွာင္ေရာက္ရွိေနသူမ်ားအား က်န္းမာေရးစစ္ေဆးေပးျခင္းႏွင့္ ေဆးကုသေပးျခင္း ေဆာင္ရြက္

ေရေဘးေၾကာင့္ တိမ္းေရွာင္ေရာက္ရွိေနသူမ်ားအား က်န္းမာေရးစစ္ေဆးေပးျခင္းႏွင့္ ေဆးကုသေပးျခင္း ေဆာင္ရြက္

Share this post

မိုးေကာင္း၊ ဩဂုတ္ ၂၁

ေရေဘးေၾကာင့္ တိမ္းေရွာင္ေရာက္ရွိေနသူမ်ားအား က်န္းမာေရးစစ္ေဆးေပးျခင္းႏွင့္ ေဆးကုသေပးျခင္းကို ယေန႔နံနက္ပိုင္းမွစ၍ အမွတ္(၃) စစ္ဆင္ေရးကြပ္ကဲမႈ ဌာနခ်ဳပ္က ေဆာင္ရြက္ေၾကာင္း သိရသည္။

ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕တြင္ ဩဂုတ္ (၂၁)ရက္ နံနက္ပိုင္းမွစ၍ အမွတ္ (၃) စစ္ဆင္ေရးကြပ္ကဲမႈဌာ နခ်ဳပ္မွ ေခတၱစစ္ဆင္ေရး ကြပ္ကဲေရးမွဴး ဗိုလ္မွဴးႀကီးေက်ာ္ခိုင္ထြန္း၏လမ္းၫႊန္မႈျဖင့္ အမွတ္(၁) စစ္ေျမျပင္ ေဆးတပ္ရင္းအမွတ္(၃) တပ္ခြဲမွ ဗိုလ္ႀကီးခန္႔ေဇာ္ ဦးစီးေသာ ေဆးအဖြဲ႕(၂)ဖြဲ႕ သည္ အဖြဲ႕မ်ားခြဲ၍ ေရေဘး ကယ္ဆယ္ေရးစခန္းမ်ား ျဖစ္ေသာ နန္႔ရင္းရပ္ရွိတ႐ုတ္ဘုံေက်ာင္း၊ အလယ္ရပ္ရွိ ၿမိဳ႕နာမ္ေစတီဓမၼာ႐ုံ၊ အေရွ႕ ရပ္ရွိ အေရွ႕ရပ္ဓမၼာ႐ုံတို႔ရွိ ေရေဘးေၾကာင့္ တိမ္းေရွာင္ေရာက္ရွိေနေသာ အိမ္ေထာင္စု(၄၂)စုမွလူဦးေရ (၂၂၆) ဦးအား က်န္းမာေရး စစ္ေဆးေပးျခင္းႏွင့္ ေဆးကုသေပးျခင္းကို ေဆာင္ရြက္ၾကသည္။

အဆိုပါေဆးကုသေပးျခင္းကို အမွတ္(၃) စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္မွ ေခတၱစစ္ဆင္ေရး ကြပ္ကဲေရးမွဴး ဗိုလ္မွဴးႀကီးေက်ာ္ခိုင္ထြန္းမွ လာေရာက္ၾကည့္ရႈၿပီး ေရေဘးသင့္ျပည္သူမ်ားကို အားေပးစကားေ‌ျပာၾကား ခဲ့သည္။

အဆိုပါ ေရေဘးတိမ္းေရွာင္ျပည္သူမ်ားကို ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးထြန္း ထြန္းေအာင္ ဦးစီးအဖြဲ႕မွလည္း ေရေဘးသင့္ ျပည္သူမ်ားအား ဆန္၊ ဆီ၊ ေခါက္ဆြဲေျခာက္ႏွင့္ လဘက္ထု တ္မ်ားကိုေဝငွေပးေၾကာင္း သိရသည္။

ခ်ိဳေမာင္

#PeopleMedia #မိုးေကာင္း

(unicode)
ရေဘေးကြောင့် တိမ်းရှောင်ရောက်ရှိနေသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးကုသပေးခြင်း ဆောင်ရွက်
………………………………………………………

မိုးကောင်း၊ ဩဂုတ် ၂၁

ရေဘေးကြောင့် တိမ်းရှောင်ရောက်ရှိနေသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးကုသပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ အမှတ်(၃) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်က ဆောင်ရွက်ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ဩဂုတ် (၂၁)ရက် နံနက်ပိုင်းမှစ၍ အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှုဌာ နချုပ်မှ ခေတ္တစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်ခိုင်ထွန်း၏လမ်းညွှန်မှုဖြင့် အမှတ်(၁) စစ်မြေပြင် ဆေးတပ်ရင်းအမှတ်(၃) တပ်ခွဲမှ ဗိုလ်ကြီးခန့်ဇော် ဦးစီးသော ဆေးအဖွဲ့(၂)ဖွဲ့ သည် အဖွဲ့များခွဲ၍ ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖြစ်သော နန့်ရင်းရပ်ရှိတရုတ်ဘုံကျောင်း၊ အလယ်ရပ်ရှိ မြို့နာမ်စေတီဓမ္မာရုံ၊ အရှေ့ ရပ်ရှိ အရှေ့ရပ်ဓမ္မာရုံတို့ရှိ ရေဘေးကြောင့် တိမ်းရှောင်ရောက်ရှိနေသော အိမ်ထောင်စု(၄၂)စုမှလူဦးရေ (၂၂၆) ဦးအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ဆေးကုသပေးခြင်းကို ဆောင်ရွက်ကြသည်။

အဆိုပါဆေးကုသပေးခြင်းကို အမှတ်(၃) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ခေတ္တစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကျော်ခိုင်ထွန်းမှ လာရောက်ကြည့်ရှုပြီး ရေဘေးသင့်ပြည်သူများကို အားပေးစကား‌ေပြာကြား ခဲ့သည်။

အဆိုပါ ရေဘေးတိမ်းရှောင်ပြည်သူများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်း ထွန်းအောင် ဦးစီးအဖွဲ့မှလည်း ရေဘေးသင့် ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် လဘက်ထု တ်များကိုဝေငှပေးကြောင်း သိရသည်။

ချိုမောင်

#PeopleMedia #မိုးကောင်း


Share this post