• Follow Us on

Home ရေအောက်ပိုက်လိုင်းဆက်သွယ်ခြင်းလုပ်ငန်းများကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင် ရွက်မည်ဖြစ်၍ အချို့သောနေရာများတွင် (၂၄) နာရီဝန်အား လျှော့ချရခြင်းများအား ဆောင်ရွက်မည်

ရေအောက်ပိုက်လိုင်းဆက်သွယ်ခြင်းလုပ်ငန်းများကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင် ရွက်မည်ဖြစ်၍ အချို့သောနေရာများတွင် (၂၄) နာရီဝန်အား လျှော့ချရခြင်းများအား ဆောင်ရွက်မည်

Share this post

နေပြည်တော်၊ မတ် ၇

 

ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင် ရွက်မည်ဖြစ်၍ အချို့သောနေရာများတွင် (၂၄) နာရီ ဝန်အားလျှော့ချရခြင်းများအား ဆောင်ရွက်ရမည်ဖြစ် ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

 

LNG ဓာတ်အားပေးစက်ရုံများ ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဓာတ်အား (၃)လိုင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် လုံခြုံရေးရယူ၍ ပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ ဓာတ်အား (၃)လိုင်းမှ နိုင်ငံတော်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသည့် (၂၂၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ် တောက်လျက်ရှိရာ စုစုပေါင်း ဓာတ်အားထုတ်လုပ်နိုင်မှု (၉၇၀) မဂ္ဂါဝပ်မှာ ဆက်လက်လျော့နည်းနေသဖြင့် ဝန်အားထိန်းညှိခြင်းများ ဆောင်ရွက်၍ အလှည့်ကျဓာတ်အားဖြန့်ဖြူးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

ယခုအခါ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုင်းလိုင်း ဆက်သွယ်ခြင်းလုပ်ငန်း များကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်သောကြောင့် ထိုသို့ဆာင်ရွက်နေ စဉ်အတွင်း ထုတ်လုပ်မှုကို ရပ်ဆိုင်ထားရှိသော်လည်း ပိုက်လိုင်းအတွင်း ကျန်ရှိနေသော ရွှေသဘာ၀ ဓာတ် ငွေ့ကို အသုံးပြု၍ စုစုပေါင်း ဓာတ်အား (၃၃၄) မဂ္ဂါဝပ်ခန့်သာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ဖြန့်ဖြူးနိုင် တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ ရွှေကမ်းလွန်သဘာ၀ ဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေး ပိုက်လိုင်းအသစ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ထပ်မံလျော့နည်း သွားမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၃၃၄) မဂ္ဂါဝပ် အပါအဝင် စုစုပေါင်း လျော့နည်းသွားမည့် (၁၃၀၄) မဂ္ဂါဝပ်ခန့်အတွက် ဝန်အားထိန်းညှိမှုအရ အချို့သောနေရာများတွင် (၂၄)နာရီ ဝန်အားလျှော့ချရခြင်းများအား ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် အဆင်မပြေမှုများရှိပါက နားလည် ပေးနိုင်ရန်နှင့် လျော့နည်းလျက်ရှိသော လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်မှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို စီမံကိန်းသစ်များကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


……………………………………….

 


 


 


 


 


 

#PeopleMedia


Share this post