• Follow Us on

Home ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ရေတပ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရုရှား-မြန်မာ ဆွေးနွေး

ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ရေတပ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရုရှား-မြန်မာ ဆွေးနွေး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၈ (People Media)

 

ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ရေတပ်အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် မြန်မာ့တပ်မတော်(ရေ)မှ တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir KASATONOV ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၄ ရက်နေ့ မွန်း လွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်မည့် ရေကြောင်း ဆိုင်ရာလုံခြုံရေးကိစ္စရပ်များ၊ နည်းပညာ ဖလှယ်ရေးကိစ္စရပ်များ၊ ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

ယင်းနောက် ရုရှားချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၂၅ ရက်နေ့၌ နေပြည်တော်သို့ ရောက်ရှိလာပြီး ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် စစ်ဦးစီးအရာရှိချုပ်(ရေ)ဦးဆောင်သော တပ်မတော် (ရေ) ကိုယ်စားလှယ်အဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

ရုရှားချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး န.စ.ကမှ အောက်တိုဘာလ ၂၇ ရက်နေ့ ၃ ရက်အကြာမှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

 

#PeopleMedia #ရုရှား #မြန်မာ #ရေတပ်

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post