• Follow Us on
Latest News

Home ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၇ (People Media)

 

တပ်မတော်(ရေ)နှင့်အတူ ပိုင်နက်ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ရေကြောင်းသယံဇာတများကို ကာကွယ်စောင့်ရှောက်ရန်နှင့် ရေကြောင်းလုံခြုံရေး (Maritime Security) ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းပေးခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခြင်းနှင့် တပ်တော်ဝင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်း တွင် ရန်ကုန်မြို့၊ သီလဝါ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

 

ယနေ့ အချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး ကဏ္ဍ(Constabulary Role)၊ လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍ(Benign Role) များကို ကမ်းခြေ စောင့်တပ်ဖွဲ့က အဓိကထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

 

မိမိတို့နိုင်ငံ၏ ကမ်းရိုးတန်းနှင့် ပိုင်နက်ပင်လယ်ပြင် သဘာဝအလှတရားများ၏ ဆွဲဆောင်အားနှင့် ပင်လယ်ပြင် ရေကြောင်းခရီးသွားလုပ်ငန်း Marine and Coastal Tourism လုပ်ငန်းအတွက် အခြေခံကောင်းများစွာ ရှိ သည်ကို တွေ့ရမည်ဖြစ်ပြီး ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများကို လုပ်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

မိမိတို့ပင်လယ်ပြင်သည် ငါးသယံဇာတအမြောက်အများရှိပြီး တိုင်းရင်းသားပြည်သူလူထုအတွက် အစားအစာ လုံခြုံမှု Food Security ကို အဓိကပံ့ပိုးပေးလျက်ရှိကြောင်း၊ ပင်လယ်ပြင်တွင် ငါးလုပ်ငန်းနှင့် အသက်မွေးဝမ်း ကြောင်းပြုသူများ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ ပင်လယ်ပြင်တွင် တရား မဝင် ငါးခိုးဖမ်းဆီးမှုများကိုလည်း စစ်ဆေးရှာဖွေဖမ်းဆီးထိန်းသိမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

 

#PeopleMedia #ကမ်းခြေစောင့်တပ်ဖွဲ့

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 



Share this post