• Follow Us on

Home ရေးမြို့နယ်ရှိ သံကူကွန်ကရစ်တံတား (၁) စင်း မိုင်းခွဲဖျက်ဆီးခံရ

ရေးမြို့နယ်ရှိ သံကူကွန်ကရစ်တံတား (၁) စင်း မိုင်းခွဲဖျက်ဆီးခံရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်းပေါ်ရှိ သံကူ ကွန်ကရစ်တံတား ၁ စင်းအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် မိုင်းခွဲဖျက်ဆီးခံခဲ့ ရကြောင်း သိရသည်။

 

ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး တောင်ဘုံ-အာယုတောင်သွားကားလမ်းပေါ်ရှိ အလျား ၃၈ ပေ၊ အနံ ၁၈ ပေ ခန့်ရှိ သံကူကွန်ကရစ်တံတား ၁ စင်းအား အကြမ်းဖက်မှုကို လိုလားသည့် အကြမ်းဖက်အဖွဲ့နှင့် PDF များ က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် တံတား၏ဝဲ/ယာလက်ရမ်းနှစ်ဖက်၊ ကမ်းကပ်ခုံ၊ တံတား၏အလယ်တည့်တည့်တို့တွင် အနည်းငယ်ပျက်စီးခဲ့ပြီး ယာဉ်ဖြတ်သန်းသွားလာမှုများ ပြတ်တောက်ခဲ့ ခြင်းမရှိကြောင်း သိရသည်။

 

အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက အများ ပြည်သူပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 

#PeopleMedia


Share this post