• Follow Us on
Latest News

Home ရေးမြို့နယ်၌ ကုန်တင်ယာဉ်မှ ဆိုင်ကယ်ကို ဝင်တိုက်ရာ ဆိုင်ကယ်ကယ်ရီမောင်းသူ အပါအဝင် ၅ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးငယ်၏ မိခင် ဒဏ်ရာရရှိ

ရေးမြို့နယ်၌ ကုန်တင်ယာဉ်မှ ဆိုင်ကယ်ကို ဝင်တိုက်ရာ ဆိုင်ကယ်ကယ်ရီမောင်းသူ အပါအဝင် ၅ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေးငယ်၏ မိခင် ဒဏ်ရာရရှိ

Share this post

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ (People Media)

 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-မော်လမြိုင်ကားလမ်း၊ Star Light ဟိုတယ်အနီး၌ ကုန်တင်ယာဉ်မှ ဆိုင်ကယ် ကို တိုက်မိရာ ဆိုင်ကယ်ကယ်ရီမောင်းသူအပါအဝင် ၅ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး သေဆုံးပြီး ကလေး ငယ်၏ မိခင် ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့၊ မွန်းလွဲ (၁း၃၀) ခန့်၌ ရေးမြို့နယ်၊ တူးမြောင်းအုပ်စု၊ ရေး-မော်လမြိုင်ကားလမ်း Star Light ဟိုတယ်အနီး၌ ကုန်တင်ယာဉ်နှင့် ဆိုင်ကယ်တို့ ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

 

“ယာဉ်မောင်းက သောက်ထားတဲ့အရှိန်ပါလာတယ်။ သူတို့နှစ်ယောက်ကတော့ ဘာမှမဖြစ်ဘူး။ ဆိုင်ကယ် ကယ်ရီမောင်းတဲ့သူနဲ့ လိုက်ပါလာတဲ့ ၅ နှစ်အရွယ်ကလေးငယ်က ပွဲချင်းပြီး သေသွားတယ်။ ကလေးအမေ ကတော့ ဒဏ်ရာပဲရသွားတာ” လို့ အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ ယာဉ်မောင်းဖြစ်သူတို့ကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

 

Photo – အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း

 

#PeopleMedia #ရေးမြို့ #ယာဉ်တိုက်မှု

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post