• Follow Us on

Home ရေးမြို့၌ ကျောင်းဧရိယာအတွင်းရှိ အဆောင်၌ ထမင်းချက်နေသည် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးကို NUG/PDF အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

ရေးမြို့၌ ကျောင်းဧရိယာအတွင်းရှိ အဆောင်၌ ထမင်းချက်နေသည် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးကို NUG/PDF အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်

Share this post

မော်လမြိုင်၊ မတ် ၁၁

 

မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်၊ ရေးမြို့ အ-ထ-က (၃) ကျောင်းဧရိယာအတွင်းရှိ အဆောင်၌ ထမင်း ချက်နေသည့် အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးကို NUG/PDF အဖွဲ့မှ သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့ သည်။

 

ဖြစ်စဉ်မှာ မတ်လ ၁၀ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်၌ ကျောင်းဧရိယာအတွင်းရှိ အဆောင်၌ နေထိုင်သည့် အလယ်တန်းကျောင်းဆရာမ ဒေါ်ဝင်းဝင်းချိုသည် အဆောင်၌ ထမင်းချက်နေစဉ် NUG/PDF အဖွဲ့ဝင်နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်းဖြစ်သည်။

 

“ဆရာမ အမျိုးသားက Taxi ဆွဲဖို့ အပြင်ရောက်နေတာ။ ဆရာမက မီးဖိုထဲမှာ ထမင်းချက်နေတဲ့အချိန်မှာ လာ ပစ်သွားတာ။ အဆောင်က ကျောင်းနဲ့ နည်းနည်းဝေးတယ်။ သားနှစ်ယောက်က အပြင်သွားချိန်မှာ လုပ်ကြံသွား တာ” လို့ ရေးမြို့မှ ဒေသခံတစ်ဦးကပြောသည်။

 

လုပ်ကြံခံရသည့် ဆရာမ ဒေါ်ဝင်းဝင်းချိုမှာ ရေးမြို့ အ-ထ-က(၃) ၌ (အလယ်တန်းပြ) ကျောင်းဆရာမတစ်ဦး ဖြစ်ပြီး တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လုပ်ကြံခံရချိန်၌ အသက် (၄၈) နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

လက်ရှိအချိန်၌ NUG/PDF အကြမ်းဖက်အဖွဲ့များသည် သံဃာတော်များ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံရေးပါတီ ဝင်များ၊ ပြည်သူများကို လုပ်ကြံသတ်ဖြတ်လျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #ရေးမြို့

 

(unicode)


………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post