• Follow Us on
Latest News

Home ရွေးကောက်ခံနိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးထုတ်ပြန်

ရွေးကောက်ခံနိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၈ (People Media)

 

သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ရမည့်အပြင် စစ်တပ်အာ ဏာသိမ်းခြင်းကို ဆန့်ကျင်ကန့်ကွက်သူ နိုင်ငံရေးအတိုက်အခံများအား ဖိနှိပ်မှုများ အမြန်ဆုံး ရပ်တန့်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။

 

ယမန်နှစ် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဆွီဒင်သံရုံးအနေဖြင့် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သော အထွေ ထွေရွေးကောက်ပွဲများကို မျက်မြင်လေ့လာရသည့် အခွင့်ထူးတစ်ရပ်ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အံ့ဩချီးမွမ်းဖွယ် ဒီမိုကရေစီသံဓိဌာန်အား ဆွီဒင်နိုင်ငံမှ ဆက်လက် ပံ့ပိုး အားပေးနေကြောင်းလည်း ဆွီဒင်သံ ရုံးကဆိုသည်။

 

၂၀၂၀ ရွေးကောက်ပွဲတွင် ဖွင့်ဟပြသခဲ့ပြီးဖြစ်သည့် မြန်မာပြည်သူပြည်သား အားလုံးတို့၏ ပြင်းပြသော စိတ်ဆန္ဒများအား လေးစားလိုက်နာကာ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ထုတ်ရမည်ဖြစ်ကြောင်း ဆွီဒင်သံရုံးက ထုတ်ပြန်ထားသည်။

 

#PeopleMedia #မြန်မာနိုင်ငံဆိုင်ရာဆွီဒင်သံရုံးထုတ်ပြန်

 

(unicode)


…………………………………………………………………………..

 


 


 


 


 



Share this post