• Follow Us on
Latest News

Home ရွေးကောက်ပွဲတွင် အနိုင်ရပြီး ဇူဇာနာကာပူတိုဗာ ဆလိုဗက်ကီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာ

ရွေးကောက်ပွဲတွင် အနိုင်ရပြီး ဇူဇာနာကာပူတိုဗာ ဆလိုဗက်ကီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာ

Share this post

အကျင့်ပျက်ခြစားမူကိုဆန့်ကျင်ခဲ့သူ ဇူဇနာကာပူတိုဗာသည် ရွေးကောက်ပွဲတွင် အနိုင် ရပြီး ဆလိုဗက်ကီးယား၏ ပထမဆုံး အမျိုးသမီး သမ္မတဖြစ်လာကြောင်း မတ် ၃၁ ရက် ဒေးလီးမေးလ် သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံရေးအတွေ့အကြုံမရှိသော ဇူဇနာကာပူတိုဗာသည် အာဏာရပါတီ၏ ကိုယ်စား လှယ်လောင်း ဥရောပကော်မရှင်၏ ဒုတိယဥက္ကဌ မာရိုးဆက်ဖ်ကိုဗစ်ကို အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ဖေဖော်ဝါရီက နိုင်ငံရေးသမားများနှင့် ရာဇ၀တ်ဂိုဏ်းများအကြား ဆက်စပ်နေ မူကို ဖော်ထုတ်ရေးသားနေသည့် ဂျာနယ်လစ် Jan Kuciak နှင့် ယင်း၏ချစ်သူအသတ် ခံရပြီးနောက် အဆိုပါဖြစ်စဉ်အတွက် စုံစမ်းရန် ရွေးကောက်ပွဲဝင်ခဲ့သည့် ဇူဇနာကာပူ တိုဗာသည် မဲ ၅၈ ရာခိုင်နူန်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အသက် ၄၅ နှစ်
အရွယ် ဇူဇနာကာပူတိုဗာသည် ကွာရှင်းပြတ်စဲထားသည့် ကလေးနှစ်ဦးမိခင်ဖြစ်ပြီး လွှတ်တော်တွင် နေရာတစ်နေရမှ ရရှိထားခြင်းမရှိသော Progressive Slovakia ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။


Share this post
https://www.facebook.com/303185163868226/videos/1268051620016167/