• Follow Us on

Home ေရြးေကာက္ပြဲက်င္းပမည္ဆိုပါက COVID 19 ကပ္ေရာဂါေၾကာင့္ ထုတ္ျပန္ထားသည့္အမိန္႔မ်ား၊ ၫႊန္ၾကားခ်က္မ်ား ျပန္႐ုပ္ သိမ္းဖို႔လိုအပ္ေၾကာင္း ေဒါက္တာေနဇင္လတ္ေျပာဆုိ

ေရြးေကာက္ပြဲက်င္းပမည္ဆိုပါက COVID 19 ကပ္ေရာဂါေၾကာင့္ ထုတ္ျပန္ထားသည့္အမိန္႔မ်ား၊ ၫႊန္ၾကားခ်က္မ်ား ျပန္႐ုပ္ သိမ္းဖို႔လိုအပ္ေၾကာင္း ေဒါက္တာေနဇင္လတ္ေျပာဆုိ

Share this post

ရန္ကုန္၊ ဇူလုိင္ -၂

၂၀၂၀ အေထြေထြေရြးေကာက္ပြဲက်င္းပမည္ဆိုပါက COVID 19 ကပ္ေရာဂါေၾကာင့္ ထုတ္ျပန္ထားသည့္ ၅ ဦးထက္ပို၍ လူမစုရ အမိန္႔မ်ား ၫႊန္ၾကားခ်က္မ်ားစသည္တို႔ကို ျပန္႐ုပ္သိမ္းဖို႔လိုအပ္ေၾကာင္း အမ်ိဳးသားတိုးတက္ေရးပါတီဥကၠ႒ ေဒါက္တာေနဇင္ လတ္ေျပာသည္။

ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ People Media သတင္းဌာနမွ ဇူလိုင္ ၁ ရက္က ဆက္သြယ္ေမးျမန္းရာတြင္ အမ်ိဳးသားတိုးတက္ ေရးပါတီဥကၠ႒ ေဒါက္တာေနဇင္လတ္က အထက္ပါအတုိင္း ေျပာဆုိလုိက္ျခင္းျဖစ္သည္။

“အဲဒါက တကယ့္ျပႆနာပဲ။ ကိုဗစ္မွာလည္း ၅ ေယာက္ထက္ပိုမစုရဆိုတာက ျဖစ္လာတယ္။ တစ္ဖက္မွာကလည္း သူက စည္း ႐ုံးေရးကာလေပါ့။ အခုခ်ိန္မွာေတာ့ ျပႆနာကမရွိဘူးေပါ့။ စည္း႐ုံးေရးကာလေရာက္လာရင္ေတာ့ ၅ ေယာက္ထက္ပိုမစုရအမိန္႔ က ရွိေနရင္ေတာ့ေတာ္ေတာ္ႀကီးကို ျပႆနာျဖစ္သြားလိမ့္မယ္။ အမိန္႔နဲ႔ စည္း႐ုံးေရးသေဘာသဘာ၀ဆန္႔က်င္ဘက္ျဖစ္သြား လိမ့္မယ္။ အဲဒီေတာ့ သူတစ္ခုေတာ့ေၾကညာလိမ့္ရမယ္။ ေရြးေကာက္ပြဲကိုေရႊ႕မွာလား။ ကိုဗစ္ကိုေတြးရင္ေပါ့။ ေရြးေကာက္ပြဲကို မေရႊ႕ခ်င္ဘူးဆိုရင္ေတာ့ ကိုဗစ္ေၾကာင့္ ထုတ္ျပန္ေၾကညာထားတာေတြကို ႐ုပ္သိမ္းရမွာဘဲ”ဟု ၎ကေျပာသည္။

၂၀၂၀ ေရြးေကာက္ပြဲတြင္ ဆႏၵမဲေပးခြင့္ရွိသူ ၃၇ သန္းခန္႔ရွိၿပီး ၂၀၂ဝ ျပည့္ႏွစ္ ႏို၀င္ဘာ ၈ ရက္တြင္ အေထြေထြေရြးေကာက္ပြဲ က်င္းပမည္ ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဇူလိုင္ ၁ ရက္ေန႔တြင္ေၾကညာထားခ်က္အရသိရသည္။

“သဘာ၀အတိုင္းဆိုရင္ေတာ့ ေရြးေကာက္ပြဲက်င္းပမယ္ဆိုရင္ ကိုဗစ္ေၾကာင့္ ထုတ္ထားတဲ့စည္းကမ္းခ်က္ေတြ ကန္႔သတ္ခ်က္ ေတြကိုေတာ့ ဖယ္ရွားေပးရမွာေပါ့။ ဒီ့ထက္အေရးႀကီးတာကေတာ့ အေပၚပိုင္းျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္တို႔ အစိုးရ တို႔က ဒီကန္႔သတ္မႈေတြကို အခ်ိန္ေရာက္ရင္ ပယ္ဖ်က္မယ္လို႔ေတာ့ထင္ရတာပဲေလ။ ဒါေပမဲ့ ဒါေတြ မဖ်က္သည္တိုင္ေအာင္ လည္း ၿမဳိ႕နယ္တို႔ ရပ္ကြက္တို႔ ေက်းရြာတို႔မွာ ေဒသႏၲရအမိန္႔ေတြထုတ္ထားတာရွိတယ္။ သက္ဆိုင္ရာ သက္ဆိုင္ရာက တစ္ ေယာက္တစ္မ်ိဳးစီ ထုတ္ထားတာရွိေတာ့ကာ အဲဒါေတြကို တာ၀န္ရွိပုဂၢဳိလ္ေတြက ေရြးေကာက္ပြဲမက်င္းခင္ အခုဆိုရင္ ဇူလိုင္လ ၁၅ ရက္ေန႔ အေရးေပၚကာလသက္မွတ္ခ်က္ကုန္ဆုံးၿပီဆိုတဲ့အခါမွာ ဒါေတြ အားလုံးပယ္ဖ်က္ေပးဖို႔၊ ျပန္လည္ၿပီးေတာ့ ျပည္သူလူထုကို အသိေပးဖို႔လိုတာေပါ့ဗ်ာ’’ဟု အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီဥကၠ႒ဦးခင္ေမာင္ေဆြက သုံးသပ္ေျပာသည္။
ျမန္မာႏိုင္ငံတြင္ Covid-19 ကပ္ေရာဂါကူးစက္ျပန္႔ႏွံမႈ စတင္ျဖစ္ပြားသည့္ဧၿပီလမွစတင္ကာ ညမထြက္ရ၊ အခမ္းအနားမက်င္းပရ စသည့္ ေဒသႏၲရအမိန္႔မ်ား ျပည္ေထာင္စုအစိုးရမွ ထုတ္ျပန္သည့္ ေနအိမ္တြင္သာေနထိုင္ရန္ အမိန္႔ၫႊန္ၾကားခ်က္မ်ား စသည့္ တို႔ ထုတ္ျပန္ေၾကညာခဲ့သည္။

#PeopleMedia #NDF #ေဒါက္တာေနဇင္လတ္ #2020Election #Political

(unicode)
ရွေးကောက်ပွဲကျင်းပမည်ဆိုပါက COVID 19 ကပ်ရောဂါကြောင့် ထုတ်ပြန်ထားသည့်အမိန့်များ၊ ညွှန်ကြားချက်များ ပြန်ရုပ် သိမ်းဖို့လိုအပ်ကြောင်း ဒေါက်တာနေဇင်လတ်ပြောဆို
…………………………………………………………

ရန်ကုန်၊ ဇူလိုင် -၂

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမည်ဆိုပါက COVID 19 ကပ်ရောဂါကြောင့် ထုတ်ပြန်ထားသည့် ၅ ဦးထက်ပို၍ လူမစုရ အမိန့်များ ညွှန်ကြားချက်များစသည်တို့ကို ပြန်ရုပ်သိမ်းဖို့လိုအပ်ကြောင်း အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင် လတ်ပြောသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ People Media သတင်းဌာနမှ ဇူလိုင် ၁ ရက်က ဆက်သွယ်မေးမြန်းရာတွင် အမျိုးသားတိုးတက် ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အဲဒါက တကယ့်ပြဿနာပဲ။ ကိုဗစ်မှာလည်း ၅ ယောက်ထက်ပိုမစုရဆိုတာက ဖြစ်လာတယ်။ တစ်ဖက်မှာကလည်း သူက စည်း ရုံးရေးကာလပေါ့။ အခုချိန်မှာတော့ ပြဿနာကမရှိဘူးပေါ့။ စည်းရုံးရေးကာလရောက်လာရင်တော့ ၅ ယောက်ထက်ပိုမစုရအမိန့် က ရှိနေရင်တော့တော်တော်ကြီးကို ပြဿနာဖြစ်သွားလိမ့်မယ်။ အမိန့်နဲ့ စည်းရုံးရေးသဘောသဘာဝဆန့်ကျင်ဘက်ဖြစ်သွား လိမ့်မယ်။ အဲဒီတော့ သူတစ်ခုတော့ကြေညာလိမ့်ရမယ်။ ရွေးကောက်ပွဲကိုရွှေ့မှာလား။ ကိုဗစ်ကိုတွေးရင်ပေါ့။ ရွေးကောက်ပွဲကို မရွှေ့ချင်ဘူးဆိုရင်တော့ ကိုဗစ်ကြောင့် ထုတ်ပြန်ကြေညာထားတာတွေကို ရုပ်သိမ်းရမှာဘဲ”ဟု ၎င်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇ သန်းခန့်ရှိပြီး ၂၀၂ဝ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်နေ့တွင်ကြေညာထားချက်အရသိရသည်။

“သဘာဝအတိုင်းဆိုရင်တော့ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ကိုဗစ်ကြောင့် ထုတ်ထားတဲ့စည်းကမ်းချက်တွေ ကန့်သတ်ချက် တွေကိုတော့ ဖယ်ရှားပေးရမှာပေါ့။ ဒီ့ထက်အရေးကြီးတာကတော့ အပေါ်ပိုင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ အစိုးရ တို့က ဒီကန့်သတ်မှုတွေကို အချိန်ရောက်ရင် ပယ်ဖျက်မယ်လို့တော့ထင်ရတာပဲလေ။ ဒါပေမဲ့ ဒါတွေ မဖျက်သည်တိုင်အောင် လည်း မြို့နယ်တို့ ရပ်ကွက်တို့ ကျေးရွာတို့မှာ ဒေသန္တရအမိန့်တွေထုတ်ထားတာရှိတယ်။ သက်ဆိုင်ရာ သက်ဆိုင်ရာက တစ် ယောက်တစ်မျိုးစီ ထုတ်ထားတာရှိတော့ကာ အဲဒါတွေကို တာဝန်ရှိပုဂ္ဂိုလ်တွေက ရွေးကောက်ပွဲမကျင်းခင် အခုဆိုရင် ဇူလိုင်လ ၁၅ ရက်နေ့ အရေးပေါ်ကာလသက်မှတ်ချက်ကုန်ဆုံးပြီဆိုတဲ့အခါမှာ ဒါတွေ အားလုံးပယ်ဖျက်ပေးဖို့၊ ပြန်လည်ပြီးတော့ ပြည်သူလူထုကို အသိပေးဖို့လိုတာပေါ့ဗျာ’’ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက သုံးသပ်ပြောသည်။
မြန်မာနိုင်ငံတွင် Covid-19 ကပ်ရောဂါကူးစက်ပြန့်နှံမှု စတင်ဖြစ်ပွားသည့်ဧပြီလမှစတင်ကာ ညမထွက်ရ၊ အခမ်းအနားမကျင်းပရ စသည့် ဒေသန္တရအမိန့်များ ပြည်ထောင်စုအစိုးရမှ ထုတ်ပြန်သည့် နေအိမ်တွင်သာနေထိုင်ရန် အမိန့်ညွှန်ကြားချက်များ စသည့် တို့ ထုတ်ပြန်ကြေညာခဲ့သည်။

#PeopleMedia #NDF #ဒေါက်တာနေဇင်လတ် #2020Election #Political


Share this post