• Follow Us on

Home ရွေးကောက်ပွဲတွင် မြို့နယ် ၁၉၅ မြို့နယ်၏ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၄ ဒသမ ၅ သန်းကျော် တွေ့ရှိ ကြောင်း တပ်မတော်ထုတ်ပြန်

ရွေးကောက်ပွဲတွင် မြို့နယ် ၁၉၅ မြို့နယ်၏ မဲမသမာမှုဖြစ်နိုင်သည့် မဲစာရင်း ၄ ဒသမ ၅ သန်းကျော် တွေ့ရှိ ကြောင်း တပ်မတော်ထုတ်ပြန်

Share this post

 

ရန်ကုန်၊ ဇန်နဝါရီ ၁၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင်မြို့နယ် ၁၉၅ မြို့နယ်၏ မဲမသမာမှု ဖြစ်နိုင်သည့် မဲစာရင်းဦးရေ ၄ ဒသမ ၅ သန်းကျော် တွေ့ရှိရကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

၎င်းမဲစာရင်းစိစစ်မှုကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် ပထမအကြိမ်စတင်စိစစ်ခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်တွင် ၁၄ ကြိမ်မြောက် မဲမသမာမှုဖြစ်နိုင်စာရင်းကိုထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၁၄ ကြိမ်မြောက်အထိ မဲမသမာမှုဖြစ်နိုင်သည့် စိစစ်တွေ့ရှိမှုပေါင်းချုပ်စာရင်းအရ မြို့နယ် ၁၉၅ မြို့နယ်တွင် မဲအရေအတွက် ၄၅၅၈၈၃၁ မဲမသမာမှုဖြစ်နိုင်ကြာင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ၁ ကြိမ်ထက်ပို၍ မဲပေးခွင့်ရရှိစေနိုင်သည့် ထပ်နေသော မဲစာရင်း ၁ ဒသမ ၈ သန်းကျော်ရှိကြောင်း လည်းဖော်ပြထားသည်။

တပ်မတော်အနေဖြင့် မြို့နယ်အလိုက်မဲစာရင်းရရှိမှုအပေါ် မူတည်၍စိစစ်မှုများပြုလုပ်ကာ ဆက်လက်ထုတ် ပြန်သွားမည်ဟုလည်း ကြေညာထားသည်။

#PeopleMedia #2020electionresults

(unicode)
…………………………………………………..







#PeopleMedia #2020electionresults


Share this post