• Follow Us on

Home ေရြးေကာက္ပြဲနစ္နာခဲ့သည့္မည့္သည့္ပါတီမဆို ဥပေဒအရ ရပ္တည္ပူးေပါင္းမည္ဟု Law Firm ႏွစ္ခုပူးတြဲ သေဘာထားထုတ္ျပန္

ေရြးေကာက္ပြဲနစ္နာခဲ့သည့္မည့္သည့္ပါတီမဆို ဥပေဒအရ ရပ္တည္ပူးေပါင္းမည္ဟု Law Firm ႏွစ္ခုပူးတြဲ သေဘာထားထုတ္ျပန္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
၂၀၂၀ ခုႏွစ္ နိုဝင္ဘာလ (၈)ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့ေသာ အေထြေထြေရြးေကာက္ပြဲနစ္နာခဲ့သည့္ မည့္သည့္ပါတီႏွင့္မဆို ဥပေဒေၾကာင္းအရ ရဲဝင့္စြာပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း Nay Thu Tein Firm ႏွင့္ Min Thet Zin & Associates Firm တို႔မွ ပူးတြဲသေဘာထားကို ယမန္ေန႔က ထုတ္ျပန္ခဲ့သည္။
“နိုင္ငံအေရႊ႕အေျပာင္းဟာ ဒီေရြးေကာက္ပြဲရလဒ္ေပၚမွာ အမ်ားႀကီးမူတည္ေနတယ္၊ ဒီဘက္ေခတ္ကာလေရြး ေကာက္ပြဲေတြထဲမွာမွ ဒီေရြးေကာက္ပြဲက ေဝဖန္မႈေတြ အရမ္းျမင့္တက္ေနတယ္၊ ေရြးေကာက္ပြဲဆိုင္ရာ မတရားျပဳက်င့္မႈေတြ အရမ္းမ်ားေနတယ္၊ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္တို႔ ေရြးေကာက္ပြဲဥပေဒနဲ႔မညီတဲ့ ဆန႔္က်င္ လုပ္ရက္မွန္သမွ်ကို ရႈံ႔ခ်တယ္၊ ၿပီးေတာ့ ဒီလိုမ်ိဳးခံရတဲ့ ဘယ္ပါတီ မည္သည့္အဖြဲ႕အစည္းမဆို ဥပေဒေၾကာင္း အရ ပူးေပါင္းပါဝင္ရပ္တည္ေဆာင္ရြက္သြားမွာပါ” ဟု တရားလႊတ္ေတာ္ေရွ႕ေန ဦးမင္းသန႔္ဇင္က ေျပာသည္။
Firm Law ႏွစ္ခု ပူးတြဲထုတ္ရာတြင္ ျပည္ေထာင္စုသမၼတ ျမန္မာနိုင္ငံေတာ္သည္ ပါတီစုံဒီမိုကေရစီစနစ္သို႔ ဦးတည္ခ်ီတက္ေနေၾကာင္း၊ သို႔ျဖစ္၍ ဒီမိုကေရစီစနစ္ကို က်င့္သုံးရာတြင္ အေထြေထြေရြးေကာက္ပြဲ၏ရလဒ္မွာ နိုင္ငံေတာ္၏ အနာဂတ္ပုံရိပ္ျဖစ္သျဖင့္ လြန္စြာအေရးပါေၾကာင္း ပူးတြဲထုတ္ျပန္သည္။
က်င္းပခဲ့သည္ အေထြေထြေရြးေကာက္ပြဲတြင္ ေရြးေကာက္ပြဲဆိုင္ရာ မလိုလားဖြယ္ရာမ်ား ေပၚေပါက္ခဲ့ေၾကာင္း၊ ဤကိစၥသည္ အမ်ားျပည္သူဆိုင္ရာကိစၥျဖစ္သည့္အတြက္ မလိုလားဖြယ္ကိစၥတြင္ တာဝန္ရွိသူမ်ားကို ျပစ္တင္ ေၾကာင္း ထုတ္ျပန္ထားသည္။
အထက္ပါကိစၥအတြက္ ဆုံး႐ူံးနစ္နာမႈတစ္ရပ္ရပ္ ႀကဳံေတြ႕ရသည္ဟု အဆိုရွိသူမည္သည့္ ပုဂၢိဳလ္မည္သည့္ အဖြဲ႕အစည္း မည္သည့္နိုင္ငံေရးပါတီႏွင့္အဆို ဥပေဒအေၾကာင္းအရ ရဲဝံ့စြာ ရပ္တည္ ပူးေပါင္းေဆာင္ရြက္သြား မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။
#PeopleMedia
(unicode)
ရွေးကောက်ပွဲနစ်နာခဲ့သည့်မည့်သည့်ပါတီမဆို ဥပဒေအရ ရပ်တည်ပူးပေါင်းမည်ဟု Law Firm နှစ်ခုပူးတွဲ သဘောထားထုတ်ပြန်
……………………………………………………..
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲနစ်နာခဲ့သည့် မည့်သည့်ပါတီနှင့်မဆို ဥပဒေကြောင်းအရ ရဲဝင့်စွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Nay Thu Tein Firm နှင့် Min Thet Zin & Associates Firm တို့မှ ပူးတွဲသဘောထားကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
“နိုင်ငံအရွှေ့အပြောင်းဟာ ဒီရွေးကောက်ပွဲရလဒ်ပေါ်မှာ အများကြီးမူတည်နေတယ်၊ ဒီဘက်ခေတ်ကာလရွေး ကောက်ပွဲတွေထဲမှာမှ ဒီရွေးကောက်ပွဲက ဝေဖန်မှုတွေ အရမ်းမြင့်တက်နေတယ်၊ ရွေးကောက်ပွဲဆိုင်ရာ မတရားပြုကျင့်မှုတွေ အရမ်းများနေတယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲဥပဒေနဲ့မညီတဲ့ ဆန့်ကျင် လုပ်ရက်မှန်သမျှကို ရှုံ့ချတယ်၊ ပြီးတော့ ဒီလိုမျိုးခံရတဲ့ ဘယ်ပါတီ မည်သည့်အဖွဲ့အစည်းမဆို ဥပဒေကြောင်း အရ ပူးပေါင်းပါဝင်ရပ်တည်ဆောင်ရွက်သွားမှာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးမင်းသန့်ဇင်က ပြောသည်။
Firm Law နှစ်ခု ပူးတွဲထုတ်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ်သို့ ဦးတည်ချီတက်နေကြောင်း၊ သို့ဖြစ်၍ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အထွေထွေရွေးကောက်ပွဲ၏ရလဒ်မှာ နိုင်ငံတော်၏ အနာဂတ်ပုံရိပ်ဖြစ်သဖြင့် လွန်စွာအရေးပါကြောင်း ပူးတွဲထုတ်ပြန်သည်။
ကျင်းပခဲ့သည် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ မလိုလားဖွယ်ရာများ ပေါ်ပေါက်ခဲ့ကြောင်း၊ ဤကိစ္စသည် အများပြည်သူဆိုင်ရာကိစ္စဖြစ်သည့်အတွက် မလိုလားဖွယ်ကိစ္စတွင် တာဝန်ရှိသူများကို ပြစ်တင် ကြောင်း ထုတ်ပြန်ထားသည်။
အထက်ပါကိစ္စအတွက် ဆုံးရူံးနစ်နာမှုတစ်ရပ်ရပ် ကြုံတွေ့ရသည်ဟု အဆိုရှိသူမည်သည့် ပုဂ္ဂိုလ်မည်သည့် အဖွဲ့အစည်း မည်သည့်နိုင်ငံရေးပါတီနှင့်အဆို ဥပဒေအကြောင်းအရ ရဲဝံ့စွာ ရပ်တည် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

Share this post