• Follow Us on

Home ေရြးေကာက္ပြဲမက်င္းပသည့္ေနရာမ်ားတြင္ ပေလာင္လူမ်ိဳးမ်ားေနထိုင္သည့္ေနရာအမ်ားစုပါ၀င္သည့္အတြက္ TNP အေနျဖင့္ ၄၀ ရာခိုင္ႏႈန္းသာ အႏိုင္ရေတာ့မည္ဟုခန္႔မွန္းထား

ေရြးေကာက္ပြဲမက်င္းပသည့္ေနရာမ်ားတြင္ ပေလာင္လူမ်ိဳးမ်ားေနထိုင္သည့္ေနရာအမ်ားစုပါ၀င္သည့္အတြက္ TNP အေနျဖင့္ ၄၀ ရာခိုင္ႏႈန္းသာ အႏိုင္ရေတာ့မည္ဟုခန္႔မွန္းထား

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၇

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ေရြြးေကာက္ပြဲမက်င္းပသည့္ေနရာမ်ား ထုတ္ျပန္ခဲ့ရာ ပေလာင္လူ မ်ိဳးမ်ား ေနထိုင္သည့္ ေနရာအမ်ားစု ပါ၀င္ခဲ့သည့္အတြက္ တေအာင္း(ပေလာင္)အမ်ိဳးသားပါတီအေနျဖင့္ လာမည့္ ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲတြင္ ၄၀ ရာခိုင္ႏႈန္းသာ အႏိုင္ရေတာ့မည္ဟုသာ ခန္႔မွန္းထားရေၾကာင္း ယင္းပါတီ၏ အတြင္းေရးမွဴး ဦးမိုင္းအုဏ္းခိုင္က ေျပာပါတယ္။

UEC မွ ေရြးေကာက္ပြဲမက်င္းပေၾကာင္း ထုတ္ထားသည့္ေနရာမ်ားထဲတြင္ ပေလာင္လူမ်ိဳးမ်ား ေနထိုင္သည့္ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္ ပါ၀င္ေၾကာင္း၊ ယင္းေၾကာင့္ TNP ပါတီအေနျဖင့္ ၿမိဳ႕နယ္ ၆ ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာအုပ္စု ၂၃ အုပ္စုကို ေရြးေကာက္ပြဲက်င္းပေပးရန္ ျပန္လည္တင္ျပထားေၾကာင္း ဦးမိုင္းအုဏ္းခိုင္က ဆိုသည္။

“ေလာေလာဆယ္အေျခအေနမွာေတာ့ ေရြးေကာက္ပြဲ ပိတ္လိုက္တဲ့ေနရာေတြမွာဆို ပေလာင္တိုင္းရင္းသားေတြ ေနတဲ့ေနရာေတာ္ေတာ္မ်ားမ်ား ပါတယ္ေလ၊ အဲ့ဒါေၾကာင့္ ရာခိုင္ႏူန္းအားျဖင့္ ၄၀ ရာခိုင္ႏူန္း အမ်ားဆံုး အႏိုင္ရ မယ္လို႔ ခန္႔မွန္းထားပါတယ္၊ တစ္ခ်ိဳ႕ေနရာေတြကိုေတာ့ ျပန္ၿပီး က်င္းပေပးဖို႔ တင္ျပထားတယ္၊ တစ္ခ်ိဳ႕ ျပန္ဖြင့္ မယ္ဆိုရင္ေတာ့ အဲ့ထက္ပိုႏိုင္မယ္လိုေတာ့ ခန္႔မွန္းပါတယ္”ဟု ၎က ေျပာသည္။

တေအာင္း(ပေလာင္)အမ်ိဳးသားပါတီအေနျဖင့္ ၂၀၁၅ ေရြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္း ၂၈ ဦး ၀င္ေရာက္ယွဥ္ၿပိဳင္ရာ ကိုယ္စားလွယ္ေလာင္း ၁၂ ဦး အႏိုင္ရရွိခဲ့ၿပီး၊ ယခုေရြးေကာက္ပြဲတြင္လည္း ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္တြင္ ကိုယ္စားလွယ္ေလာင္း ၃၆ ဦး ၀င္ေရာက္ယွဥ္ၿပိဳင္ေနေၾကာင္း သိရသည္။

#PeopleMedia #TNP

(unicode)
ရွေးကောက်ပွဲမကျင်းပသည့်နေရာများတွင် ပလောင်လူမျိုးများနေထိုင်သည့်နေရာအများစုပါဝင်သည့်အတွက် TNP အနေဖြင့် ၄၀ ရာခိုင်နှုန်းသာ အနိုင်ရတော့မည်ဟုခန့်မှန်းထား
……………………………………………..

ရန်ကုန်၊ အောက်တိုဘာ ၂၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွွေးကောက်ပွဲမကျင်းပသည့်နေရာများ ထုတ်ပြန်ခဲ့ရာ ပလောင်လူ မျိုးများ နေထိုင်သည့် နေရာအများစု ပါဝင်ခဲ့သည့်အတွက် တအောင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ၄၀ ရာခိုင်နှုန်းသာ အနိုင်ရတော့မည်ဟုသာ ခန့်မှန်းထားရကြောင်း ယင်းပါတီ၏ အတွင်းရေးမှူး ဦးမိုင်းအုဏ်းခိုင်က ပြောပါတယ်။

UEC မှ ရွေးကောက်ပွဲမကျင်းပကြောင်း ထုတ်ထားသည့်နေရာများထဲတွင် ပလောင်လူမျိုးများ နေထိုင်သည့် မြို့နယ် ၈ မြို့နယ် ပါဝင်ကြောင်း၊ ယင်းကြောင့် TNP ပါတီအနေဖြင့် မြို့နယ် ၆ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၃ အုပ်စုကို ရွေးကောက်ပွဲကျင်းပပေးရန် ပြန်လည်တင်ပြထားကြောင်း ဦးမိုင်းအုဏ်းခိုင်က ဆိုသည်။

“လောလောဆယ်အခြေအနေမှာတော့ ရွေးကောက်ပွဲ ပိတ်လိုက်တဲ့နေရာတွေမှာဆို ပလောင်တိုင်းရင်းသားတွေ နေတဲ့နေရာတော်တော်များများ ပါတယ်လေ၊ အဲ့ဒါကြောင့် ရာခိုင်နူန်းအားဖြင့် ၄၀ ရာခိုင်နူန်း အများဆုံး အနိုင်ရ မယ်လို့ ခန့်မှန်းထားပါတယ်၊ တစ်ချို့နေရာတွေကိုတော့ ပြန်ပြီး ကျင်းပပေးဖို့ တင်ပြထားတယ်၊ တစ်ချို့ ပြန်ဖွင့် မယ်ဆိုရင်တော့ အဲ့ထက်ပိုနိုင်မယ်လိုတော့ ခန့်မှန်းပါတယ်”ဟု ၎င်းက ပြောသည်။

တအောင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာ ကိုယ်စားလှယ်လောင်း ၁၂ ဦး အနိုင်ရရှိခဲ့ပြီး၊ ယခုရွေးကောက်ပွဲတွင်လည်း မြို့နယ် ၁၀ မြို့နယ်တွင် ကိုယ်စားလှယ်လောင်း ၃၆ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။

#PeopleMedia #TNP


Share this post