• Follow Us on

Home ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့်ပါတီအား အာဏာပြန်လည်လွှဲပြောင်းပေးရန် ဖြစ် ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့်ပါတီအား အာဏာပြန်လည်လွှဲပြောင်းပေးရန် ဖြစ် ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၃၁ (People Media)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် လုပ်ဆောင်ဖွယ်ရာ များ လုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့်ပါတီအား အာဏာပြန်လည်လွှဲ ပြောင်းပေးရန်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားခဲ့ သည်။

 

ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ အစည်းအဝေးကျင်းပစဉ် န-စ-ကဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

 

နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံးအချက် ဖြစ်သည့် လုပ်ဆောင်ဖွယ်ရာများ လုပ်ဆောင်ပြီးပါက ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့် ပါတီအား အာဏာပြန်လည်လွှဲပြောင်းပေးရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများ အားလုံးအဆင်ပြေချောမွေ့စေရန် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ၏ ပူးပေါင်း ဆောင်ရွက်မှုများအပေါ်တွင်များစွာမူတည်ပြီး မိမိတို့အစိုးရတစ်ဖွဲ့တည်းအနေဖြင့် ဆောင်ရွက်၍မရကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်မှ စတုတ္ထအချက်အထိ လုပ်ငန်းစဉ်များသည် နောက်ဆုံးလုပ်ငန်းစဉ် ချောမွေ့စွာဖြင့် အောင်မြင်စေရေးအတွက် လမ်းခင်းပေးထားခြင်းဖြစ်သဖြင့် အဆိုပါလုပ်ငန်းစဉ်လေးရပ်အား ထိခိုက်အောင် ဆောင်ရွက်မည်ဆိုပါက နောက်ဆုံးလုပ်ငန်းစဉ်အတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့အနေဖြင့် မူဝါဒများပြောင်းလဲမည်မဟုတ်ကြောင်း ပြောသည်။

 

ရွေးကောက်ပွဲအသစ်ကိုလည်း လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပြန်လည်ကျင်းပပေးမည်ဖြစ်ကြောင်း ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုထားသည်။

 

#PeopleMedia #နစက #election

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post