• Follow Us on

Home ေရြးေကာက္ပြဲေကာ္မရွင္၏ ရက္ေပါင္း ၉၀ ျပင္ဆင္ခ်က္သည္ တိုင္းရင္းသားပါတီမ်ား ဆုံးရႈံးနစ္နာမႈမ်ား ျဖစ္ ေပၚလာႏိုင္သည္ဟု UNA ထုတ္ျပန္

ေရြးေကာက္ပြဲေကာ္မရွင္၏ ရက္ေပါင္း ၉၀ ျပင္ဆင္ခ်က္သည္ တိုင္းရင္းသားပါတီမ်ား ဆုံးရႈံးနစ္နာမႈမ်ား ျဖစ္ ေပၚလာႏိုင္သည္ဟု UNA ထုတ္ျပန္

Share this post

ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းေဒသႀကီး(သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ ေရြးေကာက္ပြဲ ဥပေဒကို ပဥၥမအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္းတြင္ ပါ၀င္သည့္ ရက္ေပါင္း ၁၉၀ အစား ၈၀ ဟု ေျပာင္းလဲ လိုက္ျခင္းေၾကာင့္ မဲစာရင္းျပဳစုရာတြင္ အျငင္းပြားဖြယ္ရာမ်ားႏွင့္ လုပ္ပိုင္ခြင့္ရွိသူမ်ားအေနျဖင့္ ဘက္လိုက္မႈမ်ား ရွိလာႏိုင္သည့္အတြက္ တိုင္းရင္းသားပါတီမ်ားအေနျဖင့္ ဆုံးရႈံးနစ္နာမႈမ်ားရွိႏိုင္ေၾကာင္း စည္းလုံးညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမဟာမိတ္ (UNA) က ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔က ထုတ္ျပန္လိုက္ေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ရက္ပိုင္းက ျပည္ေထာင္စုအလႊတ္ေတာ္တြင္ အတည္ျပဳခဲ့သည့္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္ မရွင္၏ျပင္ဆင္ခ်က္တြင္ ရက္ေပါင္း ၉၀ ေနထိုင္႐ုံျဖင့္ အိမ္ေထာင္စုမရွိေသာ္လည္း မဲစာရင္းတြင္ ထည့္သြင္း မည္ဆိုသည့္အခ်က္သည္ အျငင္းပြားဖြယ္ကိစၥတစ္ခုျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

“ဒါက ေကာင္းေအာင္ျပင္ေပးတယ္ဆိုေသာ္ျငားလည္း ဆိုးဝါးတဲ့သက္ေရာက္တဲ့ သက္ေရာက္မႈျဖစ္သြားေစ ႏိုင္တယ္ဆိုတာကို တိုင္းရင္းသားပါတီအားလုံးကိုယ္စားတင္ျပတာ” ဟု UNA မိတ္ဖက္အဖြဲ႕အစည္းမွ ဦးေငြ လင္း ကေျပာသည္။

တိုင္းရင္းသားေဒသအမ်ားစုတြင္ ေရႊ႕ေျပာင္းအလုပ္သမားအမ်ားစုရွိေနသည့္အတြက္ ယင္းသို႔ ျပင္ဆင္ျခင္း သည္ ေဒသခံတိုင္းရင္းသားမ်ား၏ ဆႏၵမဲအမ်ားစုအား ေခ်ဖ်က္သည့္ပုံစံသေဘာမ်ိဳး သက္ေရာက္ေနေၾကာင္း ယင္းသို႔ေဆာင္ရြက္ျခင္းသည္ ေရြးေကာက္ပြဲေကာ္မရွင္၏ ကတိက၀တ္တစ္ခုျဖစ္သည့္ တရားမွ်တမႈရွိသည့္ ေရြးေကာက္ပြဲျဖစ္ေစရန္ ေဆာင္ရြက္ေပးမည္ဟု ရည္မွန္းခ်က္သည္ မျဖစ္လာႏိုင္ေၾကာင္း ၎ကဆိုသည္။

“ဒါက ဘယ္ကစျဖစ္တယ္ဆိုတာကို ကၽြန္ေတာ္တို႔ မွန္းဆမရဘူးေပ့ါဗ်ာ။ ဒါေပမယ့္ ဘာပဲေျပာေျပာ အဲ့ဒီလိုသာ ျဖစ္တယ္ဆိုရင္ တိုင္ရင္းသားေဒသေတြမွာ ႏွစ္ေပါင္းမ်ားစြာလည္းေနေသးတယ္။ ႏွစ္ေပါင္းရာခ်ီၿပီးေတာ့ ေနေန တဲ့ မဲဆႏၵရွင္ေတြအတြက္ အမ်ားႀကီးဒုကၡေရာက္သြားမွာ အေသခ်ာပဲ” ဟု UNA မိတ္ဖက္အဖြဲ႕အစည္းမွ ဦးေငြလင္းက ေျပာသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ယင္းသို႔ျပင္ဆင္ျခင္းသည္ ေရြးေကာက္ပြဲတြင္ အျငင္းပြားမႈမ်ား ျဖစ္ေပၚလာႏိုင္ျခင္း၊ ေဒသခံမ်ား၏ လြတ္လပ္ေသာသေဘာဆႏၵမ်ားေပၚ စြက္ဖက္မႈမ်ားရွိလာႏိုင္ျခင္း၊ တိုင္းရင္း သားစည္းလုံးညီၫြတ္ေရးအေပၚထိခိုက္ေစမည့္ကိစၥမ်ားကို သတိထားေရွာင္သင့္ေၾကာင္း စည္းလုံးညီၫြတ္ ေသာ တိုင္းရင္းသားလူမ်ိဳးမဟာမိတ္ (UNA) မွ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ၿဖိဳးေအာင္

#PeopleMedia

(Unicode)
ရွေးကောက်ပွဲကော်မရှင်၏ ရက်ပေါင်း ၉၀ ပြင်ဆင်ချက်သည် တိုင်းရင်းသားပါတီများ ဆုံးရှုံးနစ်နာမှုများ ဖြစ် ပေါ်လာနိုင်သည်ဟု UNA ထုတ်ပြန်
……………………………………………………

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပဉ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းတွင် ပါဝင်သည့် ရက်ပေါင်း ၁၉၀ အစား ၈၀ ဟု ပြောင်းလဲ လိုက်ခြင်းကြောင့် မဲစာရင်းပြုစုရာတွင် အငြင်းပွားဖွယ်ရာများနှင့် လုပ်ပိုင်ခွင့်ရှိသူများအနေဖြင့် ဘက်လိုက်မှုများ ရှိလာနိုင်သည့်အတွက် တိုင်းရင်းသားပါတီများအနေဖြင့် ဆုံးရှုံးနစ်နာမှုများရှိနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးမဟာမိတ် (UNA) က ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပြည်ထောင်စုအလွှတ်တော်တွင် အတည်ပြုခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်၏ပြင်ဆင်ချက်တွင် ရက်ပေါင်း ၉၀ နေထိုင်ရုံဖြင့် အိမ်ထောင်စုမရှိသော်လည်း မဲစာရင်းတွင် ထည့်သွင်း မည်ဆိုသည့်အချက်သည် အငြင်းပွားဖွယ်ကိစ္စတစ်ခုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒါက ကောင်းအောင်ပြင်ပေးတယ်ဆိုသော်ငြားလည်း ဆိုးဝါးတဲ့သက်ရောက်တဲ့ သက်ရောက်မှုဖြစ်သွားစေ နိုင်တယ်ဆိုတာကို တိုင်းရင်းသားပါတီအားလုံးကိုယ်စားတင်ပြတာ” ဟု UNA မိတ်ဖက်အဖွဲ့အစည်းမှ ဦးငွေ လင်း ကပြောသည်။

တိုင်းရင်းသားဒေသအများစုတွင် ရွှေ့ပြောင်းအလုပ်သမားအများစုရှိနေသည့်အတွက် ယင်းသို့ ပြင်ဆင်ခြင်း သည် ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒမဲအများစုအား ချေဖျက်သည့်ပုံစံသဘောမျိုး သက်ရောက်နေကြောင်း ယင်းသို့ဆောင်ရွက်ခြင်းသည် ရွေးကောက်ပွဲကော်မရှင်၏ ကတိကဝတ်တစ်ခုဖြစ်သည့် တရားမျှတမှုရှိသည့် ရွေးကောက်ပွဲဖြစ်စေရန် ဆောင်ရွက်ပေးမည်ဟု ရည်မှန်းချက်သည် မဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

“ဒါက ဘယ်ကစဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ မှန်းဆမရဘူးပေ့ါဗျာ။ ဒါပေမယ့် ဘာပဲပြောပြော အဲ့ဒီလိုသာ ဖြစ်တယ်ဆိုရင် တိုင်ရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာလည်းနေသေးတယ်။ နှစ်ပေါင်းရာချီပြီးတော့ နေနေ တဲ့ မဲဆန္ဒရှင်တွေအတွက် အများကြီးဒုက္ခရောက်သွားမှာ အသေချာပဲ” ဟု UNA မိတ်ဖက်အဖွဲ့အစည်းမှ ဦးငွေလင်းက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယင်းသို့ပြင်ဆင်ခြင်းသည် ရွေးကောက်ပွဲတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသခံများ၏ လွတ်လပ်သောသဘောဆန္ဒများပေါ် စွက်ဖက်မှုများရှိလာနိုင်ခြင်း၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးအပေါ်ထိခိုက်စေမည့်ကိစ္စများကို သတိထားရှောင်သင့်ကြောင်း စည်းလုံးညီညွတ် သော တိုင်းရင်းသားလူမျိုးမဟာမိတ် (UNA) မှ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖြိုးအောင်

#PeopleMedia


Share this post