• Follow Us on

Home ေရြးေကာက္ပြဲေရႊ႕ရန္အေၾကာင္းမရွိဟု UEC ေျပာဆို

ေရြးေကာက္ပြဲေရႊ႕ရန္အေၾကာင္းမရွိဟု UEC ေျပာဆို

Share this post

ရန္ကုန္၊ စက္တင္ဘာ -၂

၂၀၂၀ ပါတီစုံ အေထြေထြေရြးေကာက္ပြဲကို ကပ္ေရာဂါေၾကာင့္ ေရႊ႕ဆိုင္းရန္ လက္ရွိအခ်ိန္ထိ အေၾကာင္း မရွိေသးေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၀င္ ဦးျမင့္ႏိုင္က ေျပာသည္။

ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္႐ုံးတြင္ က်င္းပျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ မီဒီယာမ်ား ေမးျမန္းခ်က္ကို ဦးျမင့္ႏိုင္က ျပန္လည္ေျဖၾကားရာတြင္ အထက္ပါအတိုင္း ထည့္သြင္း ေျပာဆိုျခင္းျဖစ္သည္။

“ေရႊ႕ဖို႔အေၾကာင္း အခုထိမရွိေသးဘူးေပါ႔၊ ႀကိဳတင္ၿပီးမွ ေျပာမွာေပါ႔၊ မ်ားလာတယ္ဆိုတာလည္း စစ္ေတြနဲ႔ ရန္ကုန္ေပါ႔ေနာ္ က်န္တဲ့ေနရာ အဲ့ေလာက္မရွိဘူး၊ ေရႊ႕ဖို႔ရွိတယ္ဆိုလည္း ခါတိုင္းဆို ေအာက္တိုဘာမွာ ႀကိဳအသိေပးတာေပါ႔”ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕၀င္ ဦးျမင့္ႏိုင္က ေျပာသည္။

COVID ကာလမွာ မဲဆႏၵရွင္မ်ား စိုးရိမ္မူမရွိဘဲ မဲေပးႏိုင္ေအာင္ မဲ႐ုံေတြကို တိုးခ်ဲ႕ထားသလို မဲ႐ုံျပင္ျပႏွင့္ မဲ႐ုံအတြင္းတြင္ မဲ႐ုံ၀န္ထမ္းမ်ားလိုက္ရမည့္ စည္းကမ္းမ်ား၊ မဲဆႏၵရွင္မ်ား လိုက္နာရမည့္ စည္းကမ္းမ်ား၊ ေစာင့္ၾကည့္ေလ့လာသူမ်ားႏွင့္ သတင္းမီဒီယာမ်ား လိုက္နာရမည့္ အခ်က္မ်ားကို စီစဉ္ထားၿပီးျဖစ္ေၾကာင္း ၎ကေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္မ်ား မဲဆြယ္စည္း႐ုံးစဥ္ မည္သို႔ မဲဆြယ္စည္း႐ုံးရမည္ဆိုသည့္ အခ်က္မ်ားကို မၾကာမီ UEC Wesite ႏွင့္ Facebookစာမ်က္ႏွာတို႔မွ ထုတ္ျပန္ေၾကျငာေပးသြားမည္ ျဖစ္ေၾကာင္း ဦးျမင့္ႏိုင့္က ဆိုသည္။

လက္ရွိ ျပည္တြင္း၌ COVID-19 ကပ္ေရာဂါ ကူးစက္မူ ျပန္လည္ျမင့္မားလာသည့္အတြက္ ႏိုင္ငံေရးပါတီ အမ်ားစုမွာ ေရြးေကာက္ပြဲ ေရြ႕ဆိုင္းရန္ လိုလားေနၾကေသာ္လည္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဆက္လက္က်င္းပရန္ စီစဉ္ထားျခင္း ျဖစ္သည္။

လာမည့္ေရြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္ေန႔၌ က်င္းပရန္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ တရားဝင္ ထုတ္ျပန္ထားၿပီးျဖစ္သည္။

Photo – ျမတ္မင္း

#PeopleMedia #UEC

(unicode)
ရွေးကောက်ပွဲရွှေ့ရန်အကြောင်းမရှိဟု UEC ပြောဆို
…………………………………………

ရန်ကုန်၊ စက်တင်ဘာ -၂

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းရန် လက်ရှိအချိန်ထိ အကြောင်း မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ မေးမြန်းချက်ကို ဦးမြင့်နိုင်က ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။

“ရွှေ့ဖို့အကြောင်း အခုထိမရှိသေးဘူးပေါ့၊ ကြိုတင်ပြီးမှ ပြောမှာပေါ့၊ များလာတယ်ဆိုတာလည်း စစ်တွေနဲ့ ရန်ကုန်ပေါ့နော် ကျန်တဲ့နေရာ အဲ့လောက်မရှိဘူး၊ ရွှေ့ဖို့ရှိတယ်ဆိုလည်း ခါတိုင်းဆို အောက်တိုဘာမှာ ကြိုအသိပေးတာပေါ့”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။

COVID ကာလမှာ မဲဆန္ဒရှင်များ စိုးရိမ်မူမရှိဘဲ မဲပေးနိုင်အောင် မဲရုံတွေကို တိုးချဲ့ထားသလို မဲရုံပြင်ပြနှင့် မဲရုံအတွင်းတွင် မဲရုံဝန်ထမ်းများလိုက်ရမည့် စည်းကမ်းများ၊ မဲဆန္ဒရှင်များ လိုက်နာရမည့် စည်းကမ်းများ၊ စောင့်ကြည့်လေ့လာသူများနှင့် သတင်းမီဒီယာများ လိုက်နာရမည့် အချက်များကို စီစဉ်ထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်များ မဲဆွယ်စည်းရုံးစဉ် မည်သို့ မဲဆွယ်စည်းရုံးရမည်ဆိုသည့် အချက်များကို မကြာမီ UEC Wesite နှင့် Facebookစာမျက်နှာတို့မှ ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်ကြောင်း ဦးမြင့်နိုင့်က ဆိုသည်။

လက်ရှိ ပြည်တွင်း၌ COVID-19 ကပ်ရောဂါ ကူးစက်မူ ပြန်လည်မြင့်မားလာသည့်အတွက် နိုင်ငံရေးပါတီ အများစုမှာ ရွေးကောက်ပွဲ ရွေ့ဆိုင်းရန် လိုလားနေကြသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ကျင်းပရန် စီစဉ်ထားခြင်း ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။

Photo – မြတ်မင်း

#PeopleMedia #UEC


Share this post