• Follow Us on
Latest News

Home ေရြးေကာက္ပြဲေအာင္နိုင္ေရးအတြက္ အလွဴေငြထည့္သူမ်ားကို တင္ဒါေပးရန္ ေထာက္ခံစာေရးေပးသည့္ NLD ပါတီ၏ထန္တလန္ၿမိဳ႕နယ္ဥကၠ႒ ႏႈတ္ထြက္စာတင္

ေရြးေကာက္ပြဲေအာင္နိုင္ေရးအတြက္ အလွဴေငြထည့္သူမ်ားကို တင္ဒါေပးရန္ ေထာက္ခံစာေရးေပးသည့္ NLD ပါတီ၏ထန္တလန္ၿမိဳ႕နယ္ဥကၠ႒ ႏႈတ္ထြက္စာတင္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၅
 
၂၀၂၀ ေရြးေကာက္ပြဲတြင္ NLDပါတီ အနိုင္ရရွိေရးအတြက္ အလႉေငြထည့္သည့္ ကုမၸဏီမ်ားအား တင္ဒါလုပ္ငန္း ရရွိရန္အတြက္ ေထာက္ခံစာေရးေပးခဲ့သည့္ ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္ NLD ပါတီ ဥကၠ႒ ပူးစီးဇာက်ဳံး ႏႈတ္ထြက္စာတင္ခဲ့ေၾကာင္း ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕နယ္ NLD ပါတီတာဝန္ရွိသူမ်ားက အတည္ျပဳသည္။
 
ဦးပူးစီးဇာက်ဳံးသည္ ပညာေရးဦးစီးဌာန၏ တင္ဒါအတြက္ ပါတီေအာင္နိုင္ေရး လုပ္ငန္းမ်ား၌ အလႉေငြထည့္ ဝင္ၾကသည့္ ကုမၸဏီမ်ား စာရင္းကို ေထာက္ခံစာေရးေပးခဲ့သည့္ ဦးပူးစီးဇာက်ဳံး၏ ေဆာင္ရြက္ခဲ့မႈအေပၚ ျပည္သူမ်ားက ေဝဖန္ခဲ့ၾကသည္။
 
အဆိုပါကိစၥႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္ NLD ပါတီ႐ုံး စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕ ဖြဲ႕စည္းကာ စစ္ေဆးခဲ့ၿပီး ေတြ႕ရွိခ်က္မ်ားကို ပါတီဗဟိုသို႔ တင္ျပထားဆဲကာလ၌ ယခုကဲ့သို႔ ဥကၠ႒က ရာထူးမွ ႏႈတ္ထြက္စာ တင္သြင္း ျခင္းျဖစ္သည္။
 
“ထြက္စာတင္ထားတယ္ဆိုတာ မွန္ပါတယ္၊ အဲ့ဒါအတြက္ လက္ခံဖို႔ လက္မခံဖို႔နဲ႔ တစ္ျခား အေၾကာင္းအရာ ေတြကိုပါ စီစစ္ဆဲရွိပါေသးတယ္၊ ပါတီဝင္တစ္ဦး ႏႈတ္ထြက္တာ လက္ခံဖို႔ဆိုတာ၊ သူရဲ့သမိုင္းေၾကာင္း ေနာက္ဒီျဖစ္စဥ္အကုန္လုံးကို ျပန္စဥ္းစာရပါတယ္”ဟု NLD ပါတီ CEC အဖြဲ႕ဝင္ ေဒါက္တာမ်ိဳးညြန႔္က ေျပာသည္။
 
လူမႈကြန္ယက္တြင္ျပန႔္ႏွံ႔ခဲ့သည့္ အစီရင္ခံစာတြင္ ပညာေရးဦးစီးဌာန၏ တင္ဒါလုပ္ငန္းမ်ားအတြက္ ေလၽွာက္ထားသည့္ ကုမၸဏီေျခာက္ခုႏွင့္ ကုမၸဏီပိုင္ရွင္မ်ား၏ နာမည္စာရင္းေဖာ္ျပထားၿပီး ေအာက္တြင္ မွတ္ခ်က္အေနျဖင့္ အထက္ေဖာ္ျပပါကုမၸဏီပိုင္ရွင္မ်ားသည္ NLD ပါတီေအာင္နိုင္ေရးအတြက္ ဝန္းရံကူညီၾကသူမ်ားျဖစ္ပါေၾကာင္း တင္ျပအစီရင္ခံအပ္ပါသည္ဟု ေဖာ္ျပထားသည္။
 
၂၀၂၀ အေထြေထြေရြးေကာက္ပြဲတြင္ ခ်င္းျပည္နယ္၌ မဲဆႏၵနယ္ေၿမ ၃၉ ေနရာရွိသည့္အနက္ NLD ပါတီက (၃၆)ေနရာ အနိုင္ရရွိခဲ့သည္။
 
ထိုသို႔ အနိုင္ရရွိခဲ့သည့္ စီးပြားေရးလုပ္ငန္းရွင္မ်ား ေငြေၾကးမ်ားစြာ ပံ့ပိုးမႈမ်ားေၾကာင့္သာ အနိုင္ရရွိခဲ့ျဖစ္ေၾကာင္း နိုင္ငံေရးပါတီတစ္ခ်ိဳ႕က ေထာက္ျပေျပာဆိုၾကသည္။
 
#PeopleMedia #ထန္တလန္ #NLD
 
(unicode)
ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အလှူငွေထည့်သူများကို တင်ဒါပေးရန် ထောက်ခံစာရေးပေးသည့် NLD ပါတီ၏ထန်တလန်မြို့နယ်ဥက္ကဋ္ဌ နှုတ်ထွက်စာတင်
…………………………………………………..
 
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
 
၂၀၂၀ ရွေးကောက်ပွဲတွင် NLDပါတီ အနိုင်ရရှိရေးအတွက် အလှူငွေထည့်သည့် ကုမ္ပဏီများအား တင်ဒါလုပ်ငန်း ရရှိရန်အတွက် ထောက်ခံစာရေးပေးခဲ့သည့် ချင်းပြည်နယ် ထန်တလန်မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ပူးစီးဇာကျုံး နှုတ်ထွက်စာတင်ခဲ့ကြောင်း ချင်းပြည်နယ် ထန်တလန်မြို့နယ် NLD ပါတီတာဝန်ရှိသူများက အတည်ပြုသည်။
 
ဦးပူးစီးဇာကျုံးသည် ပညာရေးဦးစီးဌာန၏ တင်ဒါအတွက် ပါတီအောင်နိုင်ရေး လုပ်ငန်းများ၌ အလှူငွေထည့် ဝင်ကြသည့် ကုမ္ပဏီများ စာရင်းကို ထောက်ခံစာရေးပေးခဲ့သည့် ဦးပူးစီးဇာကျုံး၏ ဆောင်ရွက်ခဲ့မှုအပေါ် ပြည်သူများက ဝေဖန်ခဲ့ကြသည်။
 
အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် NLD ပါတီရုံး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးခဲ့ပြီး တွေ့ရှိချက်များကို ပါတီဗဟိုသို့ တင်ပြထားဆဲကာလ၌ ယခုကဲ့သို့ ဥက္ကဋ္ဌက ရာထူးမှ နှုတ်ထွက်စာ တင်သွင်း ခြင်းဖြစ်သည်။
 
“ထွက်စာတင်ထားတယ်ဆိုတာ မှန်ပါတယ်၊ အဲ့ဒါအတွက် လက်ခံဖို့ လက်မခံဖို့နဲ့ တစ်ခြား အကြောင်းအရာ တွေကိုပါ စီစစ်ဆဲရှိပါသေးတယ်၊ ပါတီဝင်တစ်ဦး နှုတ်ထွက်တာ လက်ခံဖို့ဆိုတာ၊ သူရဲ့သမိုင်းကြောင်း နောက်ဒီဖြစ်စဉ်အကုန်လုံးကို ပြန်စဉ်းစာရပါတယ်”ဟု NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။
 
လူမှုကွန်ယက်တွင်ပြန့်နှံ့ခဲ့သည့် အစီရင်ခံစာတွင် ပညာရေးဦးစီးဌာန၏ တင်ဒါလုပ်ငန်းများအတွက် လျှောက်ထားသည့် ကုမ္ပဏီခြောက်ခုနှင့် ကုမ္ပဏီပိုင်ရှင်များ၏ နာမည်စာရင်းဖော်ပြထားပြီး အောက်တွင် မှတ်ချက်အနေဖြင့် အထက်ဖော်ပြပါကုမ္ပဏီပိုင်ရှင်များသည် NLD ပါတီအောင်နိုင်ရေးအတွက် ဝန်းရံကူညီကြသူများဖြစ်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်ဟု ဖော်ပြထားသည်။
 
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်၌ မဲဆန္ဒနယ်မြေ ၃၉ နေရာရှိသည့်အနက် NLD ပါတီက (၃၆)နေရာ အနိုင်ရရှိခဲ့သည်။
 
ထိုသို့ အနိုင်ရရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များ ငွေကြေးများစွာ ပံ့ပိုးမှုများကြောင့်သာ အနိုင်ရရှိခဲ့ဖြစ်ကြောင်း နိုင်ငံရေးပါတီတစ်ချို့က ထောက်ပြပြောဆိုကြသည်။
 
#PeopleMedia #ထန်တလန် #NLD

Share this post