• Follow Us on

Home ေရြးေကာက္ပြဲ ေစာင့္ၾကည့္မည့္ အဖြဲ႔အစည္းမ်ား၏ အသင္းအဖြဲ႔မွတ္ပုံတင္ႏွင့္ဝင္ေငြစီးဆင္းရာ လမ္းေၾကာင္းကုိ UEC မွ စစ္ေဆးမႈရွိေၾကာင္း ေစာင့္ၾကည့္အဖြဲ႔မ်ား ထုတ္ေဖာ္ေျပာဆုိ

ေရြးေကာက္ပြဲ ေစာင့္ၾကည့္မည့္ အဖြဲ႔အစည္းမ်ား၏ အသင္းအဖြဲ႔မွတ္ပုံတင္ႏွင့္ဝင္ေငြစီးဆင္းရာ လမ္းေၾကာင္းကုိ UEC မွ စစ္ေဆးမႈရွိေၾကာင္း ေစာင့္ၾကည့္အဖြဲ႔မ်ား ထုတ္ေဖာ္ေျပာဆုိ

Share this post

ရန္ကုန္၊ ဇူလုိင္ – ၂၅

လာမည့္ ေရြးေကာက္ပြဲ၌ ေရြးေကာက္ပြဲ ေစာင့္ၾကည့္ မည့္ အဖြဲ႔အစည္းမ်ား၏ အသင္းအဖြဲ႔ႏွင့္ ဝင္ေငြလမ္းစီးဆင္းရာ လမ္း ေၾကာင္းကုိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ စစ္ေဆးမႈမ်ား ရွိေနေၾကာင္း ေရြးေကာက္ပြဲ ေစာင့္ၾကည့္ အဖြဲ႔မ်ားက ထုတ္ေဖာ္ေျပာဆုိၾကသည္။

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ေရြးေကာက္ပြဲ ေစာင့္ၾကည့္အဖြဲ႔မ်ားကုိ အသင္းအဖြဲ႔ မွတ္ပုံတင္မ်ား၊ အဖြဲ႔အစည္းမ်ား၏ ဝင္ေငြစီးဆင္းရာလမ္းေၾကာင္း၊ေထာက္ပံံ့မႈ လမ္းေၾကာင္းမ်ားကုိ စစ္ေဆးမႈမ်ား ရွိေနေၾကာင္း ဆုိသည္။

အထက္ပါ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႔ ဒါ႐ုိက္တာ ဦးစုိင္းရဲေက်ာ္စြာျမင့္ကုိ PeopleMedia က ဆက္ သြယ္ေမးျမန္းခဲ့သည္။

“သူတို႔က ေမးတာကေတာ့ အသင္းအဖြဲ႕မွတ္ပုံတင္ရွိလားမရွိလား ၊ရွိတယ္ဆိုရင္ အသင္းရဲ႕နံပတ္၊ ေနာက္တစ္ခုကေတာ့ အလႉေငြေတြကို အေထာက္အပံ့ရရွိေနတဲ့ အဖြဲ႕အစည္းေတြရဲ႕ နာမည္ အဲ့ဒီႏွစ္ခုကို ထပ္ေပးရတာ ဒါကေတာ့ အရင္တုန္းက မရွိခဲ့ဘူး” ဟု ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕မွ အမႈေဆာင္ ဒါရိုက္တာ ဦးစိုင္းရဲေက်ာ္စြာျမင့္က ေျပာသည္။

ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္မႈကို အသင္းအဖြဲ႕ မွတ္ပုံတင္မ်ား ႏွင္ ျပည္ပ အဖြဲ႕အစည္းမ်ားမွ ေငြေၾကးေထာက္ပံ့မႈမ်ား ရရွိမရွိအေပၚမူတည္၍ ဆုံးျဖတ္ပါက ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္မႈအတြက္ ျပႆနာရွိေၾကာင္း ၎က ဆိုသည္။

“ကြၽန္ေတာ္တို႔ အေနနဲ႕ ေလ့လာေစာင့္ၾကည့္ခြင့္ေတာ့ တင္ထားတယ္ ဒီေန႕အထိေတာ့ ရရွိျခင္းမရွိေသးဘူး ပုံမွန္အတိုင္းဆိုရင္ ေကာ္မရွင္ရဲ႕ လုပ္ထုံးလုပ္နည္းအရ ဆိုရင္ မေန႔က အေၾကာင္းျပန္ရမွာ ကြၽန္ေတာ္တို႔အေနနဲ႕ မေန႔ကအထိ ဖုန္းဆက္ေမးတဲ့ အခါမွာ မေျပာနိုင္ေသးဘူးလို႔ပဲ အေၾကာင္း ျပန္ပါတယ္” ဟု ဦးစိုင္းရဲေက်ာ္စြာျမင့္က ေျပာသည္။

၂၀၁၅ ေရြးေကာက္ပြဲ၌ တာဝန္ယူခဲ့သည့္ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္သည္ ေရြးေကာက္ပြဲ ေစာင့္ၾကည့္မည့္ အသင္းအဖြဲ႔၏ ေငြေၾကးစီးဆင္မႈမ်ားကုိ စစ္ေဆးျခင္းမရွိေသာ္လည္း လက္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္မွ ေဆာင္ရြက္ျခင္းသာ ျဖစ္ေၾကာင္း ေစာင့္ၾကည့္ အဖြဲ႔ဝင္မ်ားက ဆုိသည္။

#PeopleMedia #2020election #ေရြးေကာက္ပြဲေစာင့္ၾကည့္အဖြဲ႔ #UEC

(unicode)
ရွေးကောက်ပွဲ စောင့်ကြည့်မည့် အဖွဲ့အစည်းများ၏ အသင်းအဖွဲ့မှတ်ပုံတင်နှင့်ဝင်ငွေစီးဆင်းရာ လမ်းကြောင်းကို UEC မှ စစ်ဆေးမှုရှိကြောင်း စောင့်ကြည့်အဖွဲ့များ ထုတ်ဖော်ပြောဆို
…………………………………………………………

ရန်ကုန်၊ ဇူလိုင် – ၂၅

လာမည့် ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ စောင့်ကြည့် မည့် အဖွဲ့အစည်းများ၏ အသင်းအဖွဲ့နှင့် ဝင်ငွေလမ်းစီးဆင်းရာ လမ်း ကြောင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စစ်ဆေးမှုများ ရှိနေကြောင်း ရွေးကောက်ပွဲ စောင့်ကြည့် အဖွဲ့များက ထုတ်ဖော်ပြောဆိုကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့များကို အသင်းအဖွဲ့ မှတ်ပုံတင်များ၊ အဖွဲ့အစည်းများ၏ ဝင်ငွေစီးဆင်းရာလမ်းကြောင်း၊ထောက်ပံ့မှု လမ်းကြောင်းများကို စစ်ဆေးမှုများ ရှိနေကြောင်း ဆိုသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်ကို PeopleMedia က ဆက် သွယ်မေးမြန်းခဲ့သည်။

“သူတို့က မေးတာကတော့ အသင်းအဖွဲ့မှတ်ပုံတင်ရှိလားမရှိလား ၊ရှိတယ်ဆိုရင် အသင်းရဲ့နံပတ်၊ နောက်တစ်ခုကတော့ အလှူငွေတွေကို အထောက်အပံ့ရရှိနေတဲ့ အဖွဲ့အစည်းတွေရဲ့ နာမည် အဲ့ဒီနှစ်ခုကို ထပ်ပေးရတာ ဒါကတော့ အရင်တုန်းက မရှိခဲ့ဘူး” ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်မှုကို အသင်းအဖွဲ့ မှတ်ပုံတင်များ နှင် ပြည်ပ အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့မှုများ ရရှိမရှိအပေါ်မူတည်၍ ဆုံးဖြတ်ပါက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်မှုအတွက် ပြဿနာရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အနေနဲ့ လေ့လာစောင့်ကြည့်ခွင့်တော့ တင်ထားတယ် ဒီနေ့အထိတော့ ရရှိခြင်းမရှိသေးဘူး ပုံမှန်အတိုင်းဆိုရင် ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းအရ ဆိုရင် မနေ့က အကြောင်းပြန်ရမှာ ကျွန်တော်တို့အနေနဲ့ မနေ့ကအထိ ဖုန်းဆက်မေးတဲ့ အခါမှာ မပြောနိုင်သေးဘူးလို့ပဲ အကြောင်း ပြန်ပါတယ်” ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ၌ တာဝန်ယူခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရွေးကောက်ပွဲ စောင့်ကြည့်မည့် အသင်းအဖွဲ့၏ ငွေကြေးစီးဆင်မှုများကို စစ်ဆေးခြင်းမရှိသော်လည်း လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း စောင့်ကြည့် အဖွဲ့ဝင်များက ဆိုသည်။

#PeopleMedia #2020election #ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့ #UEC


Share this post