• Follow Us on
Latest News

Home ရေကြည်မြို့နယ်တွင် ဆယ်ဘီးမော်တော်ယာဉ်မှ လမ်းခင်းနေသည့်လုပ်သား ၄ ဦးကို ဝင်ရောက်တိုက်မိရာ ၁ ဦးသေဆုံး ၃ ဦး ဒဏ်ရာရရှိ

ရေကြည်မြို့နယ်တွင် ဆယ်ဘီးမော်တော်ယာဉ်မှ လမ်းခင်းနေသည့်လုပ်သား ၄ ဦးကို ဝင်ရောက်တိုက်မိရာ ၁ ဦးသေဆုံး ၃ ဦး ဒဏ်ရာရရှိ

Share this post

ရေကြည်၊ သြဂုတ် ၉ (People Media)

 

ရောဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ရေနံ့သာကျေးရွာအုပ်စုအနီး ငါးသိုင်းချောင်း-ဂွသွား ကားလမ်းတွင် ၁၀ ဘီးမော်တော်ယာဉ်က လမ်းခင်းနေသည့်လုပ်သား ၄ ဦးကို ဝင်တိုက်မိ၍ လုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

 

ရေကြည်မြို့နယ် ငါးသိုင်းချောင်း-ဂွသွားကားလမ်း  မိုင်တိုင်အမှတ် ၂၉/၇ နှင့် ၂၈/၆ အကြားတွင်  ရခိုင်ပြည် နယ်၊ ဂွမြို့နယ်မှ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ဘက်ကို ယာဉ်မောင်း အောင်မင်းဦး အသက် ၃၀ နှစ် သည် ရွှေဥကွင်းကျေးရွာ ကင်းမုံအုပ်စု ဂွမြို့နယ်နေသူမောင်းနှင်၍ ယာဉ်နောက်လိုက် ဖိုးတီ အသက် ၂၃ နှစ် ဦးမောင်ကြီး အမှတ်(၅)ရပ်ကွက်  ဂွမြို့နယ်နေသူလိုက်ပါလာသည့် ယာဉ်အမှတ် 9B/8961 NISSAN အမျိုး အစား အဖြူရောင်(၁၀)ဘီးမော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာနလမ်းအထူး ၂၀ အဖွဲ့မှ လမ်းခင်းနေသည့် လုပ်သား ၄ ဦးကို ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

ထိုသို့ ဆယ်ဘီးယာဉ်ဝင်ရောက်မှုကြောင့် ဦးအောင်ကျော်နိုင် အသက် ၄၂ နှစ်၊ လမ်းလုပ်သား တပ်ဆိပ် ကျေးရွာဒေါင့်ကြီးအုပ်စု ငါးသိုင်းချောင်းမြို့နေသူသည် ရင်ဘတ်ချိုင့်ဝင်ဒဏ်ရာ ဦးခေါင်းနောက်စေ့ကျေမွ ဒဏ်ရာတို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

 

ထို့အပြင် ဦးဖိုးထူးအသက် ၃၂ နှစ်တက်ဆိပ်ကျေးရွာ ဒေါင့်ကြီးအုပ်စု ငါးသိုင်းချောင်းမြို့နေသူ၊ ဒေါ်ရင်မြင့် အသက် ၄၈ နှစ်ခိုတောင်ကျေးရွာအုပ်စု  ငါးသိုင်းချောင်းမြို့နေသူ၊ ဦးမြင့်သိန်းအသက် ၅၆ နှစ် ဒေါင့်ကြီး အုပ်စုငါးသိုင်းချောင်းမြို့နေသူတို့တွင် ဒဏ်ရာများအသီးသီးရရှိခြင်းကာ လမ်းခင်းနေသည့် ကတ္တရာအစေးအပူ များပါအလောင်ခံရ၍ ၎င်းတို့ ၃ ဦးကိုရေကြည်မြို့နယ် ကုန်ပြင်တိုက်နယ်ဆေးရုံမှတဆင့် ဟင်္သာတမြို့ ပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့၍ ဆေးကုသမှုခံယူလျှက်ရှိကြောင်းသိရသည်။

 

”တစ်ဦးသေဆုံးပါတယ်။ အခင်းဖြစ်နေရာမှာဘဲ သေဆုံးခဲ့တာပါ။ သုံးဦးဒဏ်ရာရရှိ၍ ဆေးရုံတင်ထားပါတယ်။ ယာဉ်အား မဆင်မခြင်မောင်းနှင်သူများကိုလည်း ဥပဒေနဲ့အညီ အရေးယူထားပါတယ်” ဟု ရေကြည်မြို့နယ် ကုန်းပြင်နယ်မြေရဲစခန်းက ဒုရဲအုပ် မျိုးသဇင်လှိုင်က ပြောသည်။

 

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ယာဉ်အားမဆင်မခြင် မောင်းနှင်ခြင်းကြောင့် လူအသက်အားသေဆုံးစေခဲ့သဖြင့် ဒဏ်ရာများရရှိစေသူ အောင်မင်းဦး အသက် ၃၀ နှစ်(အဖ) ဦးသောင်းမြင့်ရွှေဥကွင်းကျေးရွာ၊ ကင်းမုံအုပ်စု၊ ဂွမြို့နယ်နေသူကို ကုန်းပြင်နယ်မြေရဲစခန်းယာဉ်မှ (ပ) ၅/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇  ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်

 

သတင်း – သူရ (EPN)

 

Photos – Credit

 

#PeopleMedia #EPN #ဧရာဝတီတိုင်းဒေသကြီး #ရေကြည်

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 

Photos – Credit

 



Share this post