• Follow Us on

Home ရွှေကူတွင် တာဝန်ကျနေသည့် ရဲတပ်ကြပ်နှင့် ယောက်ဖဖြစ်သူကို KIA အဖွဲ့မှ ဖမ်းဆီး

ရွှေကူတွင် တာဝန်ကျနေသည့် ရဲတပ်ကြပ်နှင့် ယောက်ဖဖြစ်သူကို KIA အဖွဲ့မှ ဖမ်းဆီး

Share this post

မိုးမောက်၊ အောက်တိုဘာ ၂၂ (People Media)

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင်တာဝန်ကျသည့် ရဲတပ်ကြပ်ကြီးနှင့် ယောက်ဖဖြစ်သူတို့ကို မိုး မောက်မြို့က နေအိမ်တွင်ရှိနေစဉ် KIA က လာရောက်ဖမ်းဆီးခေါ်ဆောင်သွာသည်။

 

ရဲတပ်ကြပ်ကြီး တင့်ရွှေဦးနှင့် ၎င်း၏ ယောက်ဖတော်စပ်သူ ဖြိုးမြင့်လှိုင်(ခ) ကိုဝါဆိုတို့ ယမန်နေ့ည ၆ နာရီ အချိန်က မိုးမောက်မြို့ ခါနန်ရပ်ကွက်ရှိ ၎င်းနေအိမ်တွင်ရှိနေစဉ် KIA အင်အားဆယ်ဦးခန့်က ကားဖြင့် လာ ရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

 

”ဟိုနေ့ညက လာဖမ်းသွားတာဟုတ်တယ်။ အဖမ်းခံရတဲ့ရဲတပ်ကြပ်ကြီးက တာဝန်ကတော့ ရွှေကူမှာကျတာ ဟုတ်တယ်သို့ပေမယ့် မိုးမောက်မှာပဲနေတယ်။ အလုပ်ကိစ္စရှိရင်မိုးမောက်ကနေပဲ ရွှေကူကိုသွားပြီး အလုပ်လုပ် တယ်။ အဖမ်းခံရတဲ့နေ့ကလည်း ရွှေကူကနေပြန်လာပြီး သုံးရက်မြောက်နေ့ညမှာ လာဖမ်းသွားတာ။ သူ့ ယောက်ဖက သူ့ကိုလာခေါ်တဲ့အချိန်အိမ်အပေါ်ထပ်မှာရှိနေတာ သူလည်းဆင်းလာတော့ သူ့ကိုပါ ခေါ်သွား တယ်” ဟု အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးကပြောသည်။

 

အဖမ်းခံရသည့် ရဲတပ်ကြပ်ကြီးတင့်ရွှေမှာ အသက် ၄၀ ကျော် ယောက်ဖဖြစ်သူမှာ အသက် ၃ဝ ကျော်ခန့်ရှိပြီး ၎င်းတို့မှာ မိုးမောက်တွင်အိမ်ဌားနေထိုင်သူဖြစ်သည်။

 

”သူတို့က ဘာကြောင့် လာဖမ်းတယ်ဆိုတာကတော့ သေသေချာချာ မသိရသေးဘူး။ မနေ့ကထိတော့ ကျန်ခဲ့တဲ့သူ့မိန်းမ မိသားစုနဲ့လည်း အဆက်အသွယ်မရသေးဘူး” ဟု ယင်းအမျိုးသားက ဆက်ပြောသည်။

 

မိုးမောက်မြို့တွင် တာဝန်ကျ ရဲအရာရှိအား ဖမ်းဆီးခေါ်ဆောင်မှုမှာ ယခင်က ဖြစ်ပွားခဲ့ခြင်းမရှိပဲ ယခုဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

 

ဇော်နောင်(EPN)

 

#PeopleMedia #EPN #မိုးမောက်မြို့ #ပြည်ထဲရေး

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 


 



Share this post