• Follow Us on

Home ေရႊစည္းခုံေစတီေတာ္ ေတာင္ဘက္ေစာင္းတန္းၿပိဳက်ပ်က္စီး၊ တပ္မေတာ္ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက အပ်က္အစီးမ်ားကို ရွင္းလင္း

ေရႊစည္းခုံေစတီေတာ္ ေတာင္ဘက္ေစာင္းတန္းၿပိဳက်ပ်က္စီး၊ တပ္မေတာ္ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက အပ်က္အစီးမ်ားကို ရွင္းလင္း

Share this post

ရန္ကုန္၊ စက္တင္ဘာ ၂၉
မႏၲေလးတိုင္းေဒသႀကီး၊ ပုဂံၿမိဳ႕ရွိ ေရႊစည္းခုံေစတီေတာ္ ေတာင္ဘက္ေစာင္းတန္း ၿပိဳက်ပ်က္စီးမႈ စက္တင္ဘာ ၂၉ ရက္ နံနက္ပိုင္း၌ ျဖစ္ပြားခဲ့ေၾကာင္း ပုဂံဧည့္လမ္းညႊန္မ်ားအသင္းမွ ကိုထက္ထြန္းေအာင္ကေျပာသည္။
လက္ရွိအခ်ိန္၌ ၿပိဳက်သည့္ေနရာကို တပ္မေတာ္၊မီသတ္တပ္ဖြဲ႕၊ အရပ္ဘက္အဖြဲ႕တို႔က အပ်က္အစီးမ်ားကို ရွင္းလင္းခဲ့ၾကသည္။
“ၿပိဳက်တာ ေတာင္ဘက္မုဒ္ျခေသၤႀကီးနားက မုဒ္ဦးကၿပိဳက်သြားတာပါ။ ၿပိဳက်တဲ့‌ေနရာကိုကာရံထားတယ္ လူသြားလို႔မရေအာင္တားထားတယ္။ ၿပိဳက်တာေတာ့မ်ားတယ္”ဟု ပုဂံဧည့္လမ္းညႊန္မ်ားအသင္းမွ ကို ထက္ထြန္းေအာင္ကေျပာသည္။
အဆိုပါၿပိဳက်ပ်က္စီးခဲ့သည့္ ေတာင္ဘက္ေစာင္းမွာ လက္ရွိအခ်ိန္တြင္ အသုံးျပဳလို႔မရေသးဘဲ ျပန္လည္ ေဆာက္လုပ္ၿပီးမွသာအသုံးျပဳနိုင္မည္သည္။
#PeopleMedia #ပုဂံ

(Unicode)
ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်းပြိုကျပျက်စီး၊ တပ်မတော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက အပျက်အစီးများကို ရှင်းလင်း
…………………………………………….
ရန်ကုန်၊ စက်တင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ရှိ ရွှေစည်းခုံစေတီတော် တောင်ဘက်စောင်းတန်း ပြိုကျပျက်စီးမှု စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း ပုဂံဧည့်လမ်းညွှန်များအသင်းမှ ကိုထက်ထွန်းအောင်ကပြောသည်။
လက်ရှိအချိန်၌ ပြိုကျသည့်နေရာကို တပ်မတော်၊မီသတ်တပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့တို့က အပျက်အစီးများကို ရှင်းလင်းခဲ့ကြသည်။
“ပြိုကျတာ တောင်ဘက်မုဒ်ခြင်္သေကြီးနားက မုဒ်ဦးကပြိုကျသွားတာပါ။ ပြိုကျတဲ့‌နေရာကိုကာရံထားတယ် လူသွားလို့မရအောင်တားထားတယ်။ ပြိုကျတာတော့များတယ်”ဟု ပုဂံဧည့်လမ်းညွှန်များအသင်းမှ ကို ထက်ထွန်းအောင်ကပြောသည်။
အဆိုပါပြိုကျပျက်စီးခဲ့သည့် တောင်ဘက်စောင်းမှာ လက်ရှိအချိန်တွင် အသုံးပြုလို့မရသေးဘဲ ပြန်လည် ဆောက်လုပ်ပြီးမှသာအသုံးပြုနိုင်မည်သည်။
#PeopleMedia #ပုဂံ


Share this post