• Follow Us on

Home ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပ

ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပ

Share this post

ညောင်ဦး၊ မတ် ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်အထင်ကရ ဘုရားတစ်ဆူဖြစ်သည့် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပူဇော်ပွဲကို မတ် ၁၆ ရက်၊ နံနက် ၆ နာရီခွဲမှ စတင်ပြီး ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း ရွှေဆံတော်ဂေါပကဥက္ကဋ္ဌ ဦး မောင်ဌေးထံမှ သိရသည်။

 

နှစ်စဉ် တပေါင်းလပြည့်နေ့ရောက်တိုင်း ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ကျင်းပခဲ့ ကြောင်း၊ ယခုနှစ်တွင်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပင့်သံဃာတော် (၄၇) ပါး ပင့်ဖိတ်ပြီး ဆွမ်းသပိတ်လုံးလောင်းလှူပူဇော်ခြင်းနှင့် ပရိတ်တရားတော်နာယူ၊ ရေစက်သွန်းချ အမျှအတန်းပေးဝေခြင်း များဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

 

ရွှေဆံတော်စေတီတော်မြတ်ကြီးသည် အေဒီ ၁၀၅၇ ခုနှစ်တွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင် အထင်ကရ ဘုရားတစ်ဆူဖြစ်ကြောင်းလည်း သိရသည်။

 

(MOI)

 

(unicode)


…………………………………..

 


 


 


 


 

(MOI)


Share this post