• Follow Us on

Home ေရႊတိဂုံဘုရားဖူးေမွ်ာ္ခြင့္ ကို ဧၿပီ ၃၀ ထိ ပိတ္ထားမည္

ေရႊတိဂုံဘုရားဖူးေမွ်ာ္ခြင့္ ကို ဧၿပီ ၃၀ ထိ ပိတ္ထားမည္

Share this post

ရန္ကုန္၊ ဧၿပီ ၂၂

သႀကၤန္ႏွစ္သစ္ကူးကာလအၿပီးတြင္ ျပန္လည္ဖြင့္လွစ္ရန္စီစဥ္ထားသည့္ေရႊတိဂုံဘုရားဖူးခြင့္ကို ဧၿပီလ ၃၀ ရက္ အထိ ထပ္မံပိတ္သိမ္းထားမည္ျဖစ္ေၾကာင္း ေရႊတိဂုံဘုရားေဂါပက အဖြဲ႕၀င္ေဒါက္တာရဲေအာင္ကေျပာသည္။

ေရႊတိဂုံဘုရားဖူးခြင့္ကို ဧၿပီလ ၁၀ ရက္ေန႔တြင္စတင္ပိတ္ခဲ့တာျဖစ္ၿပီး ၂၀ ရက္ေန႔တြင္ျပန္ဖြင့္မည္ဟု မူလက သတ္မွတ္ထားေသာ္လည္းေရာဂါတိုးပြားလာမႈအေျခအေနႏွင့္ ႏိုင္ငံေတာ္အစိုးရအမိန္႔မ်ားေၾကာင့္ ေရႊတိဂုံ ဘုရားကို ယခု လ ၃၀ ရက္အထိပိတ္ထားမည္ျဖစ္ေၾကာင္း ေရႊတိဂုံဘုရားေဂါပက အဖြဲ႕၀င္ေဒါက္တာရဲေအာင္ ေျပာသည္။

“ေဒသႏၲရအမိန္႔ေတြရယ္ ႏိုင္ငံေတာ္အစိုးရ အမိန္႔ေတြရယ္ ဒီကေန႔ျဖစ္ေပၚေနတဲ့ေရာဂါရဲ႕ တိုးပြားမႈအေျခအေန ေၾကာင့္ ေဂါပကေတြအစည္းအေဝးျပဳလုပ္ၿပီး ပိတ္တာပါအဲ့သေဘာပါပဲ။ အစိုးရအေနနဲ႔ေတာ့ ပိတ္ပါလို႔ေတာ့ ေျပာထားတာမဟုတ္ပါဘူး”ဟု ေဒါက္တာရဲေအာင္ကေျပာသည္။

Covid -19 ေရာဂါ ျဖစ္ပြားမႈတိုးပြားလာမႈေၾကာင့္ ေရႊတိဂုံဘုရားကို ယခုလ ၃၀ ရက္အထိ လက္တေလာပိတ္ ထားမွာျဖစ္ၿပီး ေရာဂါျဖစ္ပြားမႈေပၚမႈတည္၍ ျပန္လည္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

#PeopleMedia

(Unicode)
ရွှေတိဂုံဘုရားဖူးမျှော်ခွင့် ကို ဧပြီ ၃၀ ထိ ပိတ်ထားမည်
………………………………………………

ရန်ကုန်၊ ဧပြီ ၂၂

သင်္ကြန်နှစ်သစ်ကူးကာလအပြီးတွင် ပြန်လည်ဖွင့်လှစ်ရန်စီစဉ်ထားသည့်ရွှေတိဂုံဘုရားဖူးခွင့်ကို ဧပြီလ ၃၀ ရက် အထိ ထပ်မံပိတ်သိမ်းထားမည်ဖြစ်ကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့ဝင်ဒေါက်တာရဲအောင်ကပြောသည်။

ရွှေတိဂုံဘုရားဖူးခွင့်ကို ဧပြီလ ၁၀ ရက်နေ့တွင်စတင်ပိတ်ခဲ့တာဖြစ်ပြီး ၂၀ ရက်နေ့တွင်ပြန်ဖွင့်မည်ဟု မူလက သတ်မှတ်ထားသော်လည်းရောဂါတိုးပွားလာမှုအခြေအနေနှင့် နိုင်ငံတော်အစိုးရအမိန့်များကြောင့် ရွှေတိဂုံ ဘုရားကို ယခု လ ၃၀ ရက်အထိပိတ်ထားမည်ဖြစ်ကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့ဝင်ဒေါက်တာရဲအောင် ပြောသည်။

“ဒေသန္တရအမိန့်တွေရယ် နိုင်ငံတော်အစိုးရ အမိန့်တွေရယ် ဒီကနေ့ဖြစ်ပေါ်နေတဲ့ရောဂါရဲ့ တိုးပွားမှုအခြေအနေ ကြောင့် ဂေါပကတွေအစည်းအဝေးပြုလုပ်ပြီး ပိတ်တာပါအဲ့သဘောပါပဲ။ အစိုးရအနေနဲ့တော့ ပိတ်ပါလို့တော့ ပြောထားတာမဟုတ်ပါဘူး”ဟု ဒေါက်တာရဲအောင်ကပြောသည်။

Covid -19 ရောဂါ ဖြစ်ပွားမှုတိုးပွားလာမှုကြောင့် ရွှေတိဂုံဘုရားကို ယခုလ ၃၀ ရက်အထိ လက်တလောပိတ် ထားမှာဖြစ်ပြီး ရောဂါဖြစ်ပွားမှုပေါ်မှုတည်၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

#PeopleMedia


Share this post