• Follow Us on

Home ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲပင့် သံဃာတော် (၁၈) ပါးဖြင့် (၁၀) ရက်တိုင်တိုင် ကျင်းပသွားမည်

ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲပင့် သံဃာတော် (၁၈) ပါးဖြင့် (၁၀) ရက်တိုင်တိုင် ကျင်းပသွားမည်

Share this post

ရန်ကုန်၊ မတ် ၈

 

ရွှေတိဂုံစေတီတော် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အသံမစဲမဟာ ပဌာန်းရွတ်ဖတ် ပူဇော်ပွဲ မတ်လ ၇ ရက်နေ့မှ မတ် ၁၆ ရက်အထိ ပင့်သံဃာတော် ၁၈ ပါးဖြင့် ၁၀ ရက် တိုင်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။

 

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၆၁၀ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အသံမစဲမဟာပဌာန်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီ တော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မဟာဝိသုဒ္ဓါရုံကျောင်းတိုက် ပဓာန နာယက ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ သ.စ.အ ပါဠိပါရဂူ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ဘဒ္ဒန္တသိရိန္ဒာဘိဝံသ(ယောဆရာတော်)ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြ ကြောင်း သိရသည်။

 

ထို့နောက် မဟာပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းလွှာအား စာချ ဆရာတော် ဘဒ္ဒန္တဝိစာရက ရွတ်ဖတ်ကာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဗဟို မဏ္ဍပ်အတွင်းရှိ ဧည့်သည်တော်များက မဟာပဌာန်းပစ္စယုဒ္ဒေသ ဒေသနာတော်ကိုစုပေါင်း ရွတ်ဖတ်ပူဇော်ကြပြီး ဗဟိုမဏ္ဍပ်အတွင်းရှိ ရတနာဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်မှ ပဌာန်းဒေသနာ တော်များ အသံမစဲဆက်လက်ရွတ်ဖတ် ပူဇော်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………….

 


 


 


 

ရနျကုနျတိုငျးဒသေကွီး၊ ဗဟနျးမွို့နယျ မဟာဝိသုဒ်ဓါရုံကြောငျးတိုကျ ပဓာန နာယက ရှှတေိဂုံစတေီတောျ ဘဏ်ဍာတောျထိနျးဂေါပကအဖှဲ့ဩဝါဒါစရိယ အဂ်ဂမဟာပဏ်ဍိတ၊ သ.စ.အ ပါဠိပါရဂူ တိပိဋကဓရ ဓမ်မဘဏ်ဍာ ဂါရိက ဘဒ်ဒန်တသိရိန်ဒာဘိဝံသ(ယောဆရာတောျ)ထံမှ ဧည့ျပရိသတျမြားက ကိုးပါးသီလခံယူဆောကျတညျခဲ့ကွ ကွောငျး သိရသညျ။

 


 

#PeopleMedia


Share this post