• Follow Us on
Latest News

Home ရွှေတိဂုံစေတီတော် မော်တော်ယာဉ် ဌာန၏ ဌာနမှူးဦးသိန်းဟန် အသတ်ခံရ

ရွှေတိဂုံစေတီတော် မော်တော်ယာဉ် ဌာန၏ ဌာနမှူးဦးသိန်းဟန် အသတ်ခံရ

Share this post

  • ရန်ကုန်၊မတ်-၇ (PeopleMedia)

ရွှေတိဂုံစေတီတော် မော်တော်ယာဉ် ဌာန၏ ဌာနမှူး ဦးသိန်းဟန်သည် ရွှေတိဂုံစေတီတော်မှ မြောက်ဥက္ကလာရှိ နေအိမ်သို့ အပြန် လမ်း၌ အသတ်ခံခဲ့ရတယ်လို့ ၎င်း၏ မိသားစုဝင် ဖြစ်သူက PeopleMedia သို့ ပြောဆိုလိုက်ပါတယ်။

ဦးသိန်းဟန်သည် မတ်လ (၆)ရက်နေ့၌ ညနေ (၃)နာရီအချိန်၌ ရွှေတိဂုံစေတီတော်မှ မြောက်ဥက္ကလာရှိ နေအိမ်သို့ အပြန် လမ်းခရီ၌ အသတ်ခံလိုက်ရခြင်းဖြစ်ပြီး ၎င်း၏ သေဆုံးရုပ်အလောင်းကို ရရှိခြင်း မရှိသေးကြောင်း ဦးသိန်းဟန်၏ မိသားစုဝင်က ပြောပါတယ်။

“ရွှေတိဂုံစေတီတော်က တာဝန်ရှိသူမေးတော့ မနေ့ညနေ ၃နာရီက ပြန်တယ်။အဲ့ဒီနောက်ပိုင်း ဖုန်းတွေဆက်တာ စက်ပိတ်ထားတယ်။လိုင်းပေါ်မှာ တွေလိုက်ရတာ လက်ပြန်ကြိုးတုပ်ပြီး သေဆုံးလျက်တွေ့ရတယ်။အခုထိ အလောင်းပြန်မရဘူး”လို့ ၎င်း၏ မိသားစုဝင်က ပြောပါတယ်။

ဦးသိန်းဟန်သည် စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်သည်။

#PeopleMedia #ရွှေတိဂုံစေ


Share this post