• Follow Us on

Home ရွှေဘိုမြို့နယ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တွေ့ရှိ

ရွှေဘိုမြို့နယ်တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တွေ့ရှိ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဝါးရုံကန်ရွာနှင့် စောင်းတန်းရွာအကြားတွင် ဓားဒဏ်ရာများဖြင့် အမျိုး သားတစ်ဦး မနေ့က သေဆုံးခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ရွှေဘိုမြို့နယ်၊ ဝါးရုံကန်ရွာနှင့် စောင်းတန်းရွာအကြားတွင် နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းအချိန် တွင် အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် လဲနေကြောင်း တွေ့ရှိရသဖြင့် ရွှေဘိုခရိုင်၊ မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့သို့ အကြောင်းကြားလာသဖြင့် သွားရောက်သယ်ဆောင်ခဲ့ပါတယ်။

 

“ဝါးရုံကန်နဲ့ စောင်းတန်းရွာအကြားမှာ အမျိုးသားတစ်ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတယ်ဆိုပြီး ကျွန်တော် တို့အဖွဲ့ကို မနေ့က ညနေပိုင်းအချိန်လောက်က ဖုန်းဆက်အကြောင်းအကြားလာတာပါ” ဟု မြန်မာနိုင်ငံ Rescue လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ယင်းသေဆုံးသူအမျိုးသားမှာ မည်သူဖြစ်ပြီး မည်သည့်အကြောင်းကြောင့် သတ်ဖြတ်ခြင်းခံရသည်ကို စုံစမ်း၍ မရသေးကြောင်း သိရပါတယ်။

 

#PeopleMedia #ရွှေဘို

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post