• Follow Us on

Home ရွှေဘိုမြို့နယ်၌ အများပြည်သူ သွားလာနေသည့်လမ်းမ၌ မိုင်းထောင်နေသည့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ

ရွှေဘိုမြို့နယ်၌ အများပြည်သူ သွားလာနေသည့်လမ်းမ၌ မိုင်းထောင်နေသည့် အမျိုးသားနှစ်ဦး ဖမ်းဆီးခံရ

Share this post

စစ်ကိုင်း၊ နိုဝင်ဘာ ၂ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာနှင့် ကူးတို့ဆိပ်ကျေးရွာသို့ ဆက်သွယ် ထားသည့် မြေသားလမ်းမ၌ လက်လုပ်မိုင်းထောင်နေသည့် အမျိုးသားနှစ်ဦးသည် နိုဝင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

 

“ဖြစ်စဉ်ကဟုတ်တယ်။ အဲ့မိုင်းက မပေါက်ဘူး။ လက်လုပ်မိုင်း (၂) လုံးထောင်တာ။ သတင်းပေးတဲ့သူတွေရှိလို့ ဖော်ပြီးတော့ ထောင်သွားတဲ့သူတွေကို လိုက်ဖမ်းတာ နှစ်ယောက် မိသွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါ တယ်။

 

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်များ၌ လုံခြုံရေးအဖွဲ့များ၏ ယာဉ်တန်းများသည် မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခြင်းခံနေရပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် ဒေသခံ PDF များ အားကောင်းသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး လက်ရှိအချိန်၌ လုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေပါတယ်။

 

Photo – Credit

 

#PeopleMdia #ရွှေဘိုမြို့

 

(unicode)


……………………………………………….

 


 


 


 


 


 

Photo – Credit

 



Share this post