• Follow Us on

Home ရွှေဘိုမြို့ရှိ နေအိမ်အဆောက်အဦးတချို့နှင့် စီးပွားရေးလုပ်ငန်းရှင်တချို့၏ ပိုင်ဆိုင်သည့် အဆောက်အအုံများ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခံရ

ရွှေဘိုမြို့ရှိ နေအိမ်အဆောက်အဦးတချို့နှင့် စီးပွားရေးလုပ်ငန်းရှင်တချို့၏ ပိုင်ဆိုင်သည့် အဆောက်အအုံများ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃၀ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ပြည်သူအချို့နှင့် လုပ်ငန်းရှင်အချို့သည် PDF အဖွဲ့များကို ငွေကြေး ထောက်ပံ့ခြင်းတွင် ပါဝင်ပတ်သက်သည်ဟုဆို၍ ၎င်းတို့ ပိုင်ဆိုင်သည့် နေအိမ်၊ အဆောက်အအုံနှင့် လုပ်ငန်းများကို သက်ဆိုင်ရာက ပြည်သူပိုင်သိမ်းလိုက်ကြောင်း သိရပါတယ်။

 

အဆိုပါကဲ့သို့ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှုပြုလုပ်ရာတွင် ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများ၊ ဈေး ဆိုင်များနှင့် နေအိမ်အဆောက်အဦးတချို့ပါဝင်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

“ပြီးခဲ့တဲ့ရက်က သိမ်းဆည်းခံရတာပါ။ သိမ်းဆည်းခံရတဲ့ အဆောက်အဦးတွေအကုန်လုံးက လူမရှိဘူး၊ ဒီ အတိုင်းပိတ်ထားကျတဲ့နေရာပါ။ ဒီအိမ်က PDF အဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်တာကြောင့် နိုင်ငံပိုင် အဖြစ်သိမ်းတယ်ဆိုပြီးတော့ပဲ စာလာကပ်ပြီးတော့ အိမ်ကို သော့လာပိတ်သွားကြတာ” ဟု ရွှေဘိုမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့ပေါ်ရှိ နေအိမ်တချို့ကို PDF အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုပြုလုပ်သည်ဟု ဆိုကာ နေအိမ်အဆောက်အဦးတချို့ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

 

Photo – Credit

 

#Peoplemedia #ရွှေဘို

 

(unicode)


…………………………………………………………………

 


 


 


 


 


 

Photo – Credit

 

 



Share this post