• Follow Us on

Home ရွှေဘိုမြို့နယ်၌ ဆိုင်ကယ်ဖြင့် ဈေးရောင်းချသည့် လင်မယားနှစ်ဦး လမ်းခရီးရှိ သုဿန်အနီး၌ လုပ်ကြံခံရ၍ အမျိုးသားဖြစ်သူ သေဆုံး

ရွှေဘိုမြို့နယ်၌ ဆိုင်ကယ်ဖြင့် ဈေးရောင်းချသည့် လင်မယားနှစ်ဦး လမ်းခရီးရှိ သုဿန်အနီး၌ လုပ်ကြံခံရ၍ အမျိုးသားဖြစ်သူ သေဆုံး

Share this post

မန္တလေး၊ ဇန်နဝါရီ ၁၉ (People Media)

 

ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ တည်သီးကျေးရွာနေ ဦးဇော်ရှမ်းတို့ လင်မယားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ဈေးလိုက်လံရောင်းချနေစဉ် ဆိတ်ခွန်ကျေးရွာ သုဿန်အနီး၌ လုပ်ကြံခံ ရပြီး အမျိုးသားဖြစ်သူ သေဆုံးခဲ့သည်။

 

“သူတို့က မြို့ပေါ်ကနေ ဈေးကို ယူပြီး ရွာတွေကို လိုက်ပြီး တစ်ရွာဝင် တစ်ရွာထွက် ဈေးလိုက်ရောင်းကြတာ နှစ်တော်တော်ကြာနေပြီ။ အခုက ဆိတ်ခွန်ရွာအနီးရှိ သုဿန်မှာ သေနတ်နဲ့ပစ် ဓါးနဲ့ ခုတ်ပြီး အသတ်ခံရတာ။ အမျိုးသမီးဖြစ်သူက သေဆုံးမှု မရှိပါဘူး။ ဦးဇော်ရှမ်းက သေဆုံးသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

လုပ်ကြံခံရ၍ သေဆုံးခဲ့သည့် ဦးဇော်ရှမ်း၏ သေဆုံးရုပ်အလောင်း၌ တူမီး သေနတ်ကျည်ရာ၊ ဓါးခုတ်ရာများ တွေ့ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အပါအဝင် အခြားသော မြို့နယ်အဆို၌ ဆိုင်ကယ်ဖြင့် ဈေးရောင်းချသူ များ၊ ကွမ်းယာရောင်းသူများ၊ အကြော်ရောင်းချသူများသည် မကြာခဏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရလျက်ရှိ သည်။

 

#PeopleMedia #ရွှေဘိုမြို့

 

(unicode)


……………………………………………………….

 

မန်တလေး၊ ဇနျနဝါရီ ၁၉ (People Media)

 


 


 


 


 



Share this post