• Follow Us on

Home ရွှေဘိုမြို့၊ ရွာဆိုးကျေးရွာ တိုက်ပွဲအတွင်း၌ PDF အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး စခန်း၊ ဆိုင်ကယ်၊ လက်လုပ် သေနတ်နှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံခဲ့ရ

ရွှေဘိုမြို့၊ ရွာဆိုးကျေးရွာ တိုက်ပွဲအတွင်း၌ PDF အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး စခန်း၊ ဆိုင်ကယ်၊ လက်လုပ် သေနတ်နှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခံခဲ့ရ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၂၅ (People Media)

 

ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွာဆိုးကျေးရွာ တိုက်ပွဲအတွင်း၌ PDF အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး စခန်း၊ ဆိုင်ကယ်၊ လက်လုပ်သေနတ်နှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။

 

ဖြစ်စဉ်မှာ ရွာဆိုးကျေးရွာ၌ ဒေသခံ PDF အဖွဲ့နှင့် လုံခြုံရေးအဖွဲ့တု့ိ နှစ်ဘက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး တိုက်ပွဲ အတွင်း၌ PDF အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။

 

တိုက်ပွဲအတွင်း၌ PDF အဖွဲ့ဝင် ကျားတစ်ဦး၊ လက်လုပ်တူးမီးသေနတ် ၆ လက်၊ လက်လုပ်စိန်ပြောင်းများ၊ လက်လုပ်မိုင်းများ၊ ဆိုင်ကယ်တို့ကို လုံခြုံရေးအဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးဖြစ်ပြီး တိုက်ပွဲများကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်လျက်ရှိသည်။

 

#PeopleMedia #ရွှေဘိုမြို့

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post