• Follow Us on

Home ရွှေဘိုမြို့၌ ဆိုင်ကယ်စစ်ဆေးမှုကို လက်မခံဘဲ မောင်းပြေးသည့် လူငယ်နှစ်ဦး သေနတ်ဖြင့် အသေပစ်ခတ် ဖမ်းဆီးခံရပြီး ၎င်းတို့နှင့်အတူ လက်လုပ်မိုင်း၊ လုပ်သေနတ် ပစ္စတိုတစ်လက်နှင့်အတူ ကျည် ၆ ထောင့်တွေ့ရှိ

ရွှေဘိုမြို့၌ ဆိုင်ကယ်စစ်ဆေးမှုကို လက်မခံဘဲ မောင်းပြေးသည့် လူငယ်နှစ်ဦး သေနတ်ဖြင့် အသေပစ်ခတ် ဖမ်းဆီးခံရပြီး ၎င်းတို့နှင့်အတူ လက်လုပ်မိုင်း၊ လုပ်သေနတ် ပစ္စတိုတစ်လက်နှင့်အတူ ကျည် ၆ ထောင့်တွေ့ရှိ

Share this post

ရွှေဘို၊ ဇွန် ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ် ၃ ရပ်ကွက်၊ ရန်ကြီးအောင်ပန်းခြံအနီး၌ လုံခြုံရေးအဖွဲ့ဝင်များ က ယာဉ်စစ်ဆောင်ရွက်နေစဉ် စစ်ဆေးမှုကို လက်မခံဘဲ ထွက်ပြေးသွားသည့် လူငယ်နှစ်ဦးသည် သေနတ်ဖြင့် အသေပစ်ခတ် ဖမ်းဆီးခံခဲ့ရသည်။

 

ထိုကဲ့သို့ အသေဖမ်းဆီးရမိပြီးနောက် ၎င်းတို့ကို ဆက်လက်ရှာဖွေရာ လက်လုပ်မိုင်း၊ လုပ်သေနတ်ပစ္စတို တစ် လက်နှင့်အတူ ၅.၅၆ ကျည် ၆ ထောင့်တို့ကို တွေ့ရှိခဲ့သည်။

 

အလားတူ ရွှေဘိုမြို့နယ်၌ ပညာရေးဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ် ရေးအဖွဲ့ဝင်များသည် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရမှုများ ဖြစ်ပေါ်ခဲ့သည်။

 

#PeopleMedia #ရွှေဘို

 

(unicode)


……………………………

 


 


 


 


 



Share this post