• Follow Us on

Home ရွှေဘို-မုံရွာ ကံရာမင်း ခရီးသည်ယာဉ်တစ်စီး လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရ

ရွှေဘို-မုံရွာ ကံရာမင်း ခရီးသည်ယာဉ်တစ်စီး လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံရ

Share this post

ရွှေဘို၊ ဖေဖော်ဝါရီ ၈ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးကားလမ်းမ၌ ရွှေဘို-မုံရွာ ခရီးသည်ယာဉ်တစ်စီးသည် လက်လုပ်ဗုံးဖြင့် ယနေ့ နံနက် ၉ နာရီအချိန်က ပစ်ခတ်ခံရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအဝင် ရွှေဘို- မန္တလေးကား လမ်းမ၊ ရွှေဘို-မုံရွာ “ကံရာမင်း” ခရီးသည်တင် မှန်လုံယာဉ်ကို အမျိုးသားနှစ်ဦးက လက်လုပ်ဗုံးဖြင့် ပစ် ခတ်ခဲ့ခြင်း ဖြစ်သည်။

 

“ဆိုင်ကယ်နဲ့ ကားကိုလိုက်ပြီး လက်လုပ်ဗုံးနဲ့ ပစ်သွားတာ။ လူထိခိုက်မှုမရှိပါဘူး” လို့ ဒေသခံတစ်ဦးက ပြော သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့်နေရာတစ်ခုဖြစ်ပြီး အများပြည်သူသုံး ကားလမ်းမများ၌ သွားလာသည့် လူမှုကူညီရေးယာဉ်များ၊ သာသနာရေးယာဉ်များ၊ ကိုဗစ်ကာကွယ်ဆေး သယ် ဆောင်သည့်ယာဉ်များ၊ လုံခြုံရေးယာဉ်များသည် မကြာခဏ လက်လုပ်ဗုံးများ၊ ရှော့တိုက်မိုင်းများဖြင့် တိုက်ခိုက် ခံရလျက်ရှိသည်။

 

#PeopleMedia #စစ်ကိုင်းတိုင်း #ရွှေဘိုမြို့

 

(unicode)


……………………………………………………

 


 


 


 


 


 



Share this post