• Follow Us on

Home ရွှေပေါက်ကံမြို့နယ်၌ လက်နက်အမြောက်အများနှင့် လက်လုပ်ဗုံးအမြောက်အများ ဖမ်းမိ

ရွှေပေါက်ကံမြို့နယ်၌ လက်နက်အမြောက်အများနှင့် လက်လုပ်ဗုံးအမြောက်အများ ဖမ်းမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၌ ဇန်နဝါရီ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက လက်နက်အမြောက်အများနှင့် လက်လုပ်ဗုံးအမြောက်အများနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းမိခဲ့ကြောင်း ဒေသ ခံများက ပြောပါတယ်။

 

လက်နက်များနှင့် လက်လုပ်ဗုံးများကို စုဆောင်းနေကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့က ရွှေ ပေါက်ကံမြို့သစ်ရှိ နေအိမ်တစ်အိမ်ကို ဝင်ရောက်ရှာဖွေရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

 

သိမ်းဆည်းရမိသည် လက်နက်များနှင့် လက်လုပ်ဗုံးများမှာ ပွိုင့်-၂၂ ကျည်နှင့် ပစ်ခတ်ရသော လက်လုပ် သေ နတ် ၁၂ လက်၊ တစ်လုံးထိုးလက်လုပ်သေနတ် ၁၃ လက်၊ လက်လုပ်ပစ္စတို ၁၁ လက်၊ လက်လုပ်ပစ္စတိုပြောင်း ၅၇ ချောင်း၊ လက်လုပ်ပစ္စတိုကျည်အိမ် ၁၁ ခု၊ လက်လုပ်ပြောင်းတို ၃၃ ချောင်း၊ လက်လုပ်ပြောင်းရှည် ၁၁ ချောင်း၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ အလျား ၇ လက်မ အချင်း ၂ လက်မသံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး ၆၅ လုံး၊ အလျား ၉ လက်မ အချင်း၂ လက်မသံပိုက်ဖြင့်ပြုလုပ် ထားသောလက်လုပ်ဗုံး ၁ လုံး၊ အလျား ၅ လက်မ အချင်း ၃ လက်မ သံပိုက်အကွက် အစိတ်များဖြင့်ပြုလုပ်ထားသောလက်လုပ်ဗုံး ၁၄ လုံးတို့ ဖြစ်ပါတယ်။

 

အထက်ပါ ဖမ်းဆီးရမိသည့် လက်နက်များနှင့် လက်လုပ်ဗုံးများနှင့် ပတ်သက်ပြီး ဒေသခံအချို့က အတည်ပြု ပြောဆိုသော်လည်း သက်ဆိုင်ရာနယ်မြေရဲစခန်း တာဝန်ရှိသူများက ဖြေကြားပေးခြင်းမရှိသလို သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

 

#PeopleMedia #ရွှေပေါက်ကံမြို့

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post